Kris ၏ စကားများကြောင့် ChanYeol စိတ် မကျေနပ်သေးပေ။အဲ့တာကြောင့် အနောက်ကို ပင် မလှည့်ပဲ ဘေးက Yoo Sungနဲ့သာ စကားပြော ဖြစ်သည်။
"ChanYeol မနက်ဖြန် ရုပ်ရှင်သွားကြည့် ရအောင်"
ရုတ်တရက်ChanYeol ဘက်ကို လှည့်ရင်း Yoo Sung ကပြောတော့
"အာ ငါ ရုပ်ရှင်ကြည့်ရတာ မကြိုက်ဘူးဟ"
အားနာသည့် မျက်နှာထားနှင့် ပြန်ဖြေလိုက်သည်။
"ဩော် ဟုတ်လား ငါက အခုတင်နေတဲ့ကား ကို ကြည့်ချင်နေလို့"
ChanYeolက လူမှုရေးခေါင်းပါးမှုကို မနှစ်မြို့သူ မို့ လက်ခံလိုက်သည်။
"အေးလေ စိတ်ပြေလက်ပျောက်ကြည့်ကြတာ ပေါ့"
"ကျေးဇူး ChanYeol အချိန်ကို ညကျရင်ဖုန်း ဆက်လိုက်မယ်"
ChanYeol ခေါင်းညိမ့်၍သာ အဖြေပေးလိုက် သည်။ChanYeolတို့ပြောသမျှ အား အနောက်ခုံ မှKris အတိုင်းသားကြားနေရ သဖြင့် နားစွင့်နေ မိ သည်။
ChanYeol ထိုကောင်လေး သူ့ကို အတော်စိတ် ဆိုးနေပါလား။သူ့နဲ့မျက် နှာချင်းမဆိုင်ချင် ၍ပင် Kris ဘေးက Jong Inကို စကားလှည့်မပြော။ သူပြန်ချော့သင့် သလား?သူမှ မချော့တတ်ပဲ။
ရှုပ်ထွေးနေသောအတွေး များအားလေပူတချက် ဖြင့် မှုတ်ထုတ်လိုက်ပြီး သက်ပြင်းချလိုက်သည်။
Jong Inက စိတ်ရှုပ်နေဟန်ကို သတိထားမိသွား ပြီး"ဘာဖြစ်လို့လဲ?အိပ်ရေး မ၀ပြန်ဘူးလား"
"မဟုတ်ပါဘူး"
"မင်းပုံစံကြည့်ရတာ ကြက်ကို လည်လိမ်ချိုးထား သလိုပဲ"
"ဟာ မင်းကလဲ"Kris ရယ်ကျဲကျဲ နဲ့ပြန်ပြော လိုက် သည်။
ထိုစဉ် ဖုန်း vibration မြည်သံကြောင့် ကြည့်လိုက် တော့ BaekHyun
"Hello Byun"
ChanYeol Krisရဲ့ ဖုန်းပြောသံကို ကြားနေရ သည်။Byunတဲ့ ဘယ်သူမို့လို့ ဒီလို နူးနူးညံ့ညံ့ ခေါ် နေတာလဲ?
"ဘယ်လိုဖြစ်လို့လဲ"
"ခုဘယ်မှာလဲ?"
"အဲ့မှာပဲနေ လာခဲ့မယ်"
ဖုန်းကိုချက်ချင်း ချလိုက်ပြီး စာအုပ်များကို အိတ်ထဲ ထည့်နေသည်။