မိုးတွေရွာနေသည်။မိုးခြိမ်းသံလဲကြားနေရသည်။ မိုးနှင့်အတူပါလာတတ်သော လေပြင်းများပါ တိုက်ခတ်နေသည်။ရုတ်ချည်းပင် လျှပ်စီးလက် သွားသည်။လျှပ်စီးနောက်ကပ်လျက်ပါတတ် သော မိုးခြိမ်းသံနှင့်အတူ ကလေးငိုသံပါကြားနေရ သည်။
ကြောက်တယ်။စိတ်ထဲတွင် ကြောက်စိတ်များ ဖုံးလွှမ်းနေသည် နှင့် တပြိုင်နက် ကလေးငိုသံမှာ ပို၍ပို၍ ကျယ်လာသည်။မွန်းကျပ်လိုက်တာ။
အသက်ရှူလို့မရတော့သလိုပဲ။ဂျိန်းးးးး
မျက်စိနှစ်စုံ အလိုအလျောက်ပွင့် သွားလေတော့ သည်။ချွေးတွေရွှဲလျက် မောဟိုက်စွာ လန့်နိုးလာ သည်။ပိတ်ထားသော ပြတင်းပေါက်က တဆင့် အပြင်လောကကိုကြည့်လိုက်တော့ မိုးတွေ ရွာနေသည်။
မောဟိုက်နေသော စိတ်ကိုပြန်ထိန်းချုပ်ပြီး အိပ်မက်ကိုတဖန်ပြန်တွေးမိသည်။
"ထပ် မက်ပြန်ပြီ။"
ထိုအိပ်မက် မက်သည်မှာ ပထမဦးဆုံး အကြိမ် မဟုတ်ပေ။ကျယ်လောင်စွာကြားရသော ကလေး ငိုသံ၊အဆက်မပြတ်တိုက်ခတ်နေသော လေပြင်း၊ အငြိုးတကြီး ရွာချနေသော မိုး။
ဘာကိစ္စကြောင့် ထိုအိပ်မက်ကို အမြဲမက်နေသည် လဲမသိပေမယ့် နိုးလာတိုင်း ယခုလို ချွေးစိုရွဲနေပြီး မောဟိုက်နေတတ်သည်။
နာရီကိုကြည့်လိုက်တော့ မနက် ၂နာရီခွဲ။ အစောကြီးရှိသေးသောကြောင့် အိပ်ယာပေါ်တွင် ပြန်လှဲကာ အိပ်ရန်ကြိုးစားလိုက်သည်။
အတွေးတွေက ဟိုတစ ဒီတစလွင့်မျောနေပြီး ချက်ချင်းအိပ်မပျော်။"မာမား ဘယ်ရောက်နေလဲ"
မျက်လုံးမှိတ်လျက် ပါးစပ်မှရေရွတ်လိုက်ပြီး လိမ့်ဆင်းသွားသော မျက်ရည်များကိုလျစ်လျူ ရှုကာ အိပ်ရန်ထပ်ကြိုးစားလိုက်သည်။
2:45 a.m
3:00 a.m
3:30 a.m
နောက်ဆုံးတွင် Yifan တယောက် နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော်သွားလေတော့သည်။
"Hyung"
"Hyung"
ခေါ်သံနှင့်အတူ လှုပ်နှိုးခြင်းပါခံရသောကြောင့် မျက်လုံးဖွင့်ကြည့်လိုက်သောအခါ