ကံကြမ္မာဆိုတဲ့အရာကို ယုံကြည်သောChanYeol နဲ့ မယုံကြည်သော Wu Yifan...တူညီမှုများများ စားစားမရှိပဲ ခင်မင်နေကြသည်မှာ အံ့ဩဖွယ် ကောင်းပါသည်။
ခင်မင်လာတဲ့တောက်လျှောက် Wu Yifan ကလျှော့ပေးသလို ChanYeolကလဲ တာဝန်ရှိ သူအတိုင်း ရစ်သည်။မတူညီမှုများရင် ကတောက် ကဆဖြစ်တတ်ပေမယ့် Wu Yifan ရဲ့ အလိုလိုက် မှုအောက်မှာ ဘာဆိုဘာမှမဖြစ်
"Hyungကဘာလို့မယုံတာလဲ ကျွန်တော်တို့ ၂ယောက် တူညီတာဆိုလို့ အချစ်ကြီးတာပဲ ရှိတာလေ အဲ့တာကိုအခုလိုခင်နေတာ ကံကြမ္မာ ဖန်တီးပေးထားတာပဲ မဟုတ်ဘူးလား?"
ကျောင်းမှအပြန် ဟန်မြစ်ဘေးသွားထိုင်ကာ ရောက်တတ်ရာရာပြောရင်း မတူညီမှုထဲမှ တချို့ကိုဆွေးနွေးရာ ကံကြမ္မာ ဆိုသော ခေါင်းစဉ် အောက်သို့ရောက်လာခဲ့ကြသည်။
ChanYeol စကားကိုကြားတော့Yifanက ပြုံးလိုက်ပြီး
"ChanYeolနဲ့ကိုယ် မတူတဲ့အရာတွေရှိပေမယ့် ၂ယောက်စလုံးအဆင်ပြေအောင် ညှိယူလို့ ကတောက်ကဆမဖြစ်ပဲ အဆင်ပြေနေတာလေ ChanYeolရစ်သမျှကို hyungကမငြီးမငြူပဲ အဆင်ပြေအောင် လုပ်ပေးတာလဲ ထည့်ပြောဦး"
YifanစကားကိုChanYeolကမထောက်ခံဘူး ဆိုသည့်သဘောဖြင့် နှုတ်ခမ်းဆူလိုက်ကာ
"ကျွန်တော်တို့ အရင်ကအချင်းချင်းမတည့်ကြ ဘူးလေ ကံကြမ္မာကဖန်တီးပေးလိုက်လို့ အချင်း ချင်းအထင်လွဲတာတွေပျောက်ပြီး ခင်မင်လာကြ တာမဟုတ်ဘူးလား?"
Yifanက အနားမှာရှိသည့် ခဲလုံးလေးကို ငြိမ်သက် နေသော ဟန်မြစ်ထဲသို့ပစ်လိုက်ပြီးမှ
"Hyungတို့အချင်းချင်းမတူညီတဲ့ အကြောင်း အရာတွေကို သပ်သပ်ကြီးစကားလုပ်ပြောဖူးလို့ လား?အစပ်မစားနိုင်တဲ့HyungကိုChanYeol ကြိုက်တဲ့ တော့ပိုကီအစပ်စားပါလို့ပြောဖူးလား အရက်မသောက်နိုင်တဲ့ChanYeolကိုHyung ကသောက်ပါဆိုပြီး အတင်းတိုက်ဖူးလား?"
Yifanကပဲဆက်ပြီး
"မတူညီတဲ့အချက်တွေအောက်မှာ ခင်မင်နေတဲ့ သူတွေဆိုတာ တစ်ယောက်မကြိုက်တဲ့အရာကို တစ်ယောက်က လုပ်ဖို့မတိုက်တွန်းပဲ အချင်းချင်း အလိုက်တသိ ရှောင်ဖယ်ပေးနေကြတဲ့သူတွေပဲ"