အထင်လွဲမှုဆိုသည်မှာလူတိုင်း၌ရှိသကဲ့သို့ Park ChanYeol တွင်လဲရှိခဲ့သည်။Kris Wu ကို အတော်လူ့ဂွစာနိုင်သည့်သူ ဟုထင်ထားသမျှ အချိန်အတိုလေးအတွင်းမှာ မဟုတ်ကြောင်းသိခဲ့ ရသည်။
ကျွန်တော်ဒီအတောအတွင်း Kris hyungနှင့်အ တော်ရင်းနှီးလာသည်။
Hyung?
Kris Wuက HongKongကနေကျောင်းပြောင်း စဉ် ပညာသင်ယူမှုကို 1နှစ်နားခဲ့ရသည်။1နှစ်ထဲ ကြီးသော်လည်းအများနဲ့မတူအောင် ခေါ်ချင်၍ Hyungဟုခေါ်ရန် တွေးလိုက်မိသည်။
ထိုအကြောင်းအရာများကို သူနှင့်ရင်းနှီးလာသည့် ရက်သတ္တပတ်အတွင်း ကျွန်တော်သိခဲ့ရပြီး Hyung ဟုခေါ်နိုင်ရန် သူ့ထံတွင်ခွင့်တောင်း ခဲ့သည်။
သူကလဲ မင်းသဘောလေ ဟုတစ်ခွန်းသာဆိုပြီး ပြုံးကာအလွယ်တကူသဘောတူခဲ့သည်။Hyung နှင့် ရင်းနှီးလာသည်နှင့်အမျှ BaekHyun နှင့်လဲ ခင်မင်မှုကို ဖလှယ်နိုင်လာသည်။
"ChanYeol!"
အနောက်ကပြေးလာသံနှင့်အတူ ကျွန်တော့်နာမည် ခေါ်သံကြားရ၍လှည့်ကြည့်လိုက်တော့
"Hyung ဘာဖြစ်လို့ပြေးလာတာလဲ"
"မင်းကိုတွေ့လို့လေ"
အမောတကောနှင့် အသက်ကိုလုရှူကာပြောနေပုံ မှာ ဆွဲဆောင်မှုရှိလှသည်။
"အာ အဲ့တာများ လှမ်းခေါ်လိုက်တာမဟုတ်ဘူး"
"အင်း လှမ်းခေါ်တယ်လေ မင်းမကြားလို့"
"ကဲ လာလာ သွားမယ်"
ကျွန်တော်ဆွဲခေါ်ရာနောက် Hyung ပါလာသည်။
ရုပ်ရှင်ထဲ၌ မင်းသမီးကို မင်းသားကဆွဲခေါ်သလို ပေါ့။ဒီမှာတော့ မင်းသမီးမဟုတ်ဘူး နတ်သား လေး။"ChanYeol"
ဘေးမှYoo Sungကလက်ကိုတို့ကာ လှမ်းခေါ်သည်။
လှည့်ကြည့်လိုက်တော့
"နင်မနက်ဖြန်အားလား?"
"ဘာလို့လဲ"
"ငါနဲ့ လျှောက်လည်ရအောင်လေ"
ChanYeolကြောင်သွားသည်။
"အာ ငါမေ့နေတာ မနက်ဖြန် Hyungနဲ့ ချိန်းထား တာ။ဟုတ်တယ်နော် Hyung"