အပိုင်း (၈)

146 15 9
                                    


Chae ကားပေါ်မှာ ထိုင်စောင့်နေသည်မှာ 15min ခန့်ရှိပြီဖြစ်သည်။

အငယ်ကောင်က တော်တော်နှင့် ပေါ်မလာသေး။

ခဏကြာမှ ရှိုးစမိုး အပြည့်နှင့် ကိုယ်တော်ချောက ထွက်လာသည်။

"ဟဲ့ ဘာလို့ဒီလောက်တောင် ကြာနေတာလဲ ငါ့ကို အားနေတယ်များမှတ်နေလား သင်တန်းသွားရအုံးမှာဟဲ့ "

မနက်စောစောစီးစီး ကျောင်းသွားခါနီး ကျွန်တော့် အစ်မရဲ့ မင်္ဂလာရှိရှိအော် ငေါက် သံလေး……

"Noona'ကလည်း စိတ်တိုနဲ့နော် မွချိ"

"တော်စမ်းပါ ငRi နင်ကျောင်းသွားမှာလား ရုပ်ရှင်သွားရိုက်မှာလား ဒီလိုမျိုးပြင်ဆင်နေလည်း…ဟဟ😌…ငါ့မောင် မင်းကို ဘယ်သူမှ ကြိုက်မှာမဟုတ်ဘူး"

"အံမာ ဒေါ်chae ကိုယ့်မောင်ကို အရမ်းအထင်သေးတာပဲ ကိုယ်တွေက ကျောင်းမှာ King နော် မိန်းကလေးတွေဆိုတာ ဝိုင်းဝိုင်းလည်လို့"

"တော်ပါ သွားမယ် ကားပေါ်တက် စကားမပေါနဲ့တော့"😌

"apk 😒 "

_______________________

ကျောင်းဝင်ပေါက်နားတွင် ကျောင်းသူလေး တစ်ချို့ရစ်သီရစ်သီနဲ့ ရပ်စောင့်နေကြသည်။

"သူ နောက်ကျတယ်နော်"

"INN နေများမကောင်းလို့လား"

"ဟဲ့ ငါ့oppaကို ပါးစပ်ပုပ်နဲ့ လျှောက်မပြောနဲ့"

"ငါ့oppaပါ 😬 "

ကောင်မလေးနှစ်ယောက် ငြင်းခုန်နေရာသို့ နောက်ထပ် ကောင်မလေးသုံးယောက်လာသည်။
ထိုသုံးယောက်ထဲမှ ခေါင်းဆောင်ဖြစ်ဟန်တူသော တစ်ယောက်က

"yaa! နင်တို့တွေ ဘာတွေမှန်းနေတာလဲ နင်တို့လိုမျိုး ရုပ်မျိုးတွေ Ri oppaက စိတ်ဝင်စားမှာမဟုတ်ဘူး"

အထက်စီးဆန်ဆန် သူတစ်ပါးအား နှိမ်ချိုးပြောလိုက်သော Sumi စကားကြောင့် တစ်ဖက်က ကောင်မလေးနှစ်ယောက် ဒေါသထွက်သွားသည်။

"ဒီမယ် Sumi နင့်ကိုနင် Queen ဆိုပြီး oppa က စိတ်ဝင်စားမယ် ထင်မနေနဲ့ နင့်လိုလူမျိုးကို oppa က စိတ်တောင်ကူးမှာမဟုတ်ဘူး နင့်လိုမျိုး စာမကြိုးစားဘဲ အလှပဲ ပြင်နေတဲ့လူမျိုးကို"

 MY  VIP [Completed] Where stories live. Discover now