"ခုချက်ချင်း သူ့ကို လာတွေ့ပါ" ဆိုသော Yang Boss ရဲ့ message ကို ရရချင်း သူ လုပ်လက်စ အလုပ်ကိုရပ်ပြီး အပေါ်ထပ်က Boss ရုံးခန်းဆီကို elevator နဲ့ တက်လာခဲ့သည်။
လူက Elevator ထဲ ရောက်နေပေမယ့် စိတ်က Boss ဆီရောက်နေသည်။
အကြောင်းမဲ့တော့ Papa က ရာဇသံ ပေးပြီး ချက်ချင်းလာခဲ့ဖို့ ခေါ်ခိုင်းမှာ မဟုတ် …
တစ်ခုခုတော့ ပြဿနာဖြစ်နေတာ သေချာသည်။
ပြဿနာမကြီးစေဖို့ပဲ သူဆုတောင်းသည်။
Elevator တံခါးပွင့်သွားတော့ သူလည်း Boss ရုံးခန်းရှိရာသို့ ခြေလှမ်းသွက်သွက်ဖြင့် သွားလိုက်သည်။
ရုံးခန်းတံခါးရှေ့ရောက်တော့ ခါးကိုမတ်မတ်ရပ် သက်ပျင်းရှည်တစ်ခုချပြီး အခန်းတံခါးကို ခေါက်လိုက်သည်။
~ဒေါက်~ဒေါက်~ဒေါက်~
သူတံခါးခေါက်လိုက်တော့ အထဲက Yang Bossရဲ့ အေးစက်စက် ခပ်မာမာ အသံကို ကြားရသည်။
"ဝင်ခဲ့…!!"
Boss ရဲ့ ခွင့်ပြုချက်ရပြီဆိုသည်နှင့် သူအခန်းတံခါးကို အသာဖွင့်ပြီး ဝင်ခဲ့သည်။
"Annyonghaseyo"
သူ Boss ကို ဂါဝရပြုပြီး နှုတ်ဆက်လိုက်တော့ Yang Boss က ထိုင်ဆိုသည့် သဘောမျိုးနဲ့ သူ့ရှေ့ခုံကို လက်ညိုးထိုးပြသည်။
သူလည်း ထိုခုံမှာ ဝင်ထိုင်လိုက်ပြီး
"Papa ဘာကိစ္စရှိလို့ ကျွန်တော့်ကို ခေါ်တာလဲ မသိ"
သူမေးလိုက်တော့ YHS က စားပွဲကို လက်နဲ့ခေါက်နေရင်း သူ့ကို ကြည့်ပြီး တည်တည်ငြိမ်ငြိမ်ပဲပြန်ပြောသည်။
"ကိစ္စ………ကိစ္စလား သိပ်ရှိတာပေါ့ ဒီမှာ ဒီစာအိတ်ကို ဖွင့်ကြည့်လိုက်"
သူ Boss ပစ်ပေးလိုက်တဲ့ စာအိတ်ကို ယူပြီးဖွင့်ကြည့်လိုက်တော့ ဓာတ်ပုံ 4 -5ပုံခန့် ထွက်လာသည်။
ပုံတွေကို တစ်ပုံပြီး တစ်ပုံ ကြည့်နေရင်း သူမျက်ခုံးနှစ်ဖက် တစ်ဖြေးဖြေးကျုံ့လာသည်။
"ဒီပုံတွေက ဘယ်လိုလုပ်ရောက်လာတာလဲ"
သူ Boss ကို မျက်လုံးပင့်ပြီး ကြည့်ရင်းမေးလိုက်တော့ Boss က တစ်ချက်ပြုံးလိုက်ရင်း
![](https://img.wattpad.com/cover/132726750-288-k981063.jpg)