အပိုင်း (၂၁)

165 18 14
                                    

💕💕💕💕💕💕💕💕💕💕💕💕💕💕💕

ChaeLinအိမ်ပြန်ရောက်ရောက်ချင်း အပြေးအလွှားနဲ့ အခန်းထဲက အိပ်ရာပေါ်မှာ မေ့ကျန်ခဲ့သည့် ဖုန်းကို အမြန်ကောက်စစ်သည် (GDဆီကများ msgလေး တစ်စောင်တစ်လေများဝင်လေမလားလို့)

သို့သော်..မျှော်လင့်ထားတာထက်ကို လွန်လွန်မင်းမင်း missed callတွေ တစ်လှေကြီးဝင်နေသည်...

"...သွားပါပြီ ဖုန်းကျန်ခဲ့တာ ငါ့အမှား ဟင်း ထင်တော့ထင်သား oppaမှာအကြောင်းတစ်ခုခုရှိလို့ မလာနိုင်တာဖြစ်မှာပါလို့..🙀

Chae စိတ်ပျက်လက်ပျက်နဲ့..အိပ်ရာပေါ် လှဲအိပ်ပစ်လိုက်သည်...

ဖုန်းပြန်ခေါ်မလို့စဉ်းစားမိပေမယ့် မခေါ်ဖြစ်တော့ပဲ သူ့ဆီ လူကိုယ်တိုင်သွားတွေ့ဖို့ပဲ ဆုံးဖြတ်လိုက်သည်..

သူchaeဖုန်းမကိုင်လို့ အထင်လွဲသွားမှာစိုးတာလဲ ပါသည်..

ဖုန်းကို အိတ်ထဲကောက်ထည့် အပေါ်အင်္ကျီတစ်ထပ်ကောက်ဝတ်ပြီး အောက်ထပ်ကို အမြန်ဆင်းလာခဲ့သည်.

ဒီနေ့တစ်နေ့ သူ့မျက်နှာကိုမှ မမြင်ရရင် chae ရူးသွားမလားတောင်မသိ..အထင်လွဲမိတဲ့အတွက်လည်း အားနာမိသည်..

< 🙀 မဖြစ်ပါဘူးလေ သူ့ဆီသွားမှကိုဖြစ်မှာပါ...>

ကားစက်နိုးပြီး ခပ်မြန်မြန်မောင်းလာခဲ့သည်.. အိမ်ကလူတွေကိုလည်း တစ်ယောက်မှ ဘာမှမပြောခဲ့ရ..

ကိစ္စမရှိပါဘူးလေ ခဏနေပြန်လာမှာပဲကို..

YGမှာတော့ ဒီအချိန်ကြီးထိ ရှိလိမ့်မယ်မထင်..သူ့မိဘတွေအိမ်မှာများလား...ဒါပေမယ့် အတွေးတွေသာတွေးနေတာ ကိုယ်မောင်းလာတာက တခြားလမ်း..

ရုတ်တရက်ကိုယ်မောင်းလာတဲ့လမ်းကိုကြည့်တော့မှ သတိရသွားသည်.. တစ်ခါက Chae ကျောင်းသွားရင်း GD ကားကိုတွေ့လိုက်လို့ ကျောင်းလစ်ပြီး နောက်ယောင်ခံလိုက်လာတာ သူနေတဲ့ ကွန်ဒိုကို မထင်မှတ်ပဲသိလိုက်ဖူးသည်.. ခုသူအဲ့မှာများရှိမလားပဲ...

(A/N : မနိုင်စိန် Lee Chae Lin😖)

Chae တွေ့လိုတွေ့ငြား  သူ့ကွန်ဒိုရှိရာ ကားကို ဦးတည်ပြီးမောင်းလိုက်သည်..

 MY  VIP [Completed] Where stories live. Discover now