ဒုန်းးး ဒုန်းးး ဒုန်းးး ဒုန်းးးး
Elevator တောင် မစောင့်နိုင်ပဲ လှေကားကနေ တစ်ဒိုင်းဒိုင်းနဲ့ ပြေးဆင်းလာသော သူ့ကို staffတွေက ထူးဆန်းသလိုကြည့်နေကြသည်။
သူကတော့ ဘယ်သူ့ကိုမှ ဂရုမစိုက်နိုင် ဘောင်းဘီအိတ်ထဲက ကားသော့ကို ထုတ်ပြီး ကားပါ့ကင် ဆီ အပြေးတစ်ပိုင်းနဲ့ ထွက်သွားသည်..
GD သူ့လက်က နာရီကိုကြည့်လိုက်တော့ အချိန်က 9:00PM⌚
သူစိတ်ပျက်စွာနဲ့ လေပူတစ်ချက်မှုတ်ထုတ်လိုက်သည်။
"Lee Chaelin ဒီကောင်မလေး ဒီအချိန်ထိတော့ စောင့်မနေလောက်ပါဘူးနော်" 😧
သူ ကားတံခါးကို အမြန်ဖွင့်ပြီး ချိန်းထားတဲ့ နေရာသို့ ဦးတည်ပြီးမောင်းလာခဲ့သည်🚘
×
စားသောက်ဆိုင်ရှေ့အရောက် ကားထဲကနေ လှမ်းကြည့်လိုက်တော့ ဆိုင်ကပိတ်နေပြီ ... ji စိတ်ညစ်သွားသည်... သူတို့နှစ်ယောက်ရဲ့ first dateမှာတင် သူ့ဘက်က အမှားလုပ်ခဲ့မိသည်.. chae များ စိတ်ဆိုးသွားပြီလား...ဒါမှမဟုတ်သူ့ကိုများ စိတ်ပျက်သွားပြီလား သူမတွေးရဲတော့...ကားထဲကနေထွက်လိုက်ပြီး ကားမှန်ဘေးမှီကာ ရပ်ရင်း ကောင်းကင်ကြီးကို ကြည့်နေလိုက်သည်...
ထိုစဉ် သူ့ဘေးနားသို့ arjushii တစ်ယောက်ရောက်လာသည် 👴
"ငါ့တူ တစ်ယောက်ယောက်ကိုများလာရှာတာလား"
"ဗျာ .. ဟုတ်ကဲ့ဗျ ကျွန်တော် ချိန်းထားတာနောက်ကျသွားလို့ ဒါနဲ့ဦးက??"
သူ က မေးလိုက်တော့.
" ဦးက ဒီဆိုင်ပိုင်ရှင်ပါ မိန်းကလေးတစ်ယောက်ညနေကတည်းက ဦးတို့ဆိုင်မှာ ထိုင်စောင့်နေတာ ဆိုင်ပိတ်တော့မှပဲပြန်သွားတယ် အဲ့ဒီမိန်းကလေးကိုများလာရှာတာလားလို့"
ထိုarjushii ပြောတော့ သူပိုပြီး စိတ်ပူသွားသည်.. ...chae ah ကိုယ်တောင်းပန်ဖို့ကလွဲပြီးမရှိတော့ပါလား...😔
"ဟုတ် ကျွန်တော်သူ့ကိုလာရှာတာပါ😔"
"အေးကွယ် မင်းမှာ ဘာအကြောင်းရှိလို့လဲတော့မသိပေမယ့် သူခုဏလေးကမှပြန်သွားတယ်"
