မနေ့ညက အိပ်တာ နောက်ကျသွားလို့ထင်သည်။ Chae နိုးတော့ နေတောင် နဲနဲမြင့်နေပြီ။
ဖုန်းက နာရီကို ကြည့်လိုက်တော့ 8:45
Massage နှစ်စောင် ဝင်နေ၍ ဖွင့်ကြည့်လိုက်သည်။
တစ်စောင်က သူ့ဆီက ဝင်နေကြ Good Morning ဆိုတဲ့ message လေး~
Chae နှုတ်ခမ်းထောင့်လေး ကွေးသွားအောင် ပြုံးလိုက်ပြီး သူ့ဆီကို message အမြန်ပြန်ပို့လိုက်သည်။
*Good Morning too *
စိတ်ထဲကအတိုင်းဆို Emojii တွေ အများကြီးထည့်ပြီး ပို့ချင်ပေမယ့် သူChaeကို တစ်မျိုးထင်သွားမှာလဲ စိုးရိမ်မိသည်။
"ရှင့်ကို ချစ်ရတာကလည်း ပင်ပန်းလိုက်တာ Ji yong ရယ်"
နောက်တစ်စောင်က Bom ဆီက ဖြစ်သည်။…
အသံဖိုင်ဖြစ်၍ ဖွင့်ပြီး နားထောင်ကြည့်လိုက်သည်။
ခုဏက Feel နေတဲ့ ခံစားချက်တွေတောင် ကြက်ပျောက်ငှက်ပျောက် ပျောက်သွားသည်။
အရင်းမရှိ အဖျားမရှိ *ကျားး!!ဒီနေတော့ ငါသေလို့ ရတယ်ဟေ့ " တဲ့
Chae လည်း စိတ်ပေါက်ပေါက်နဲ့ message ပြန်ပို့လိုက်သည်။
"သေလို့ရတယ်ဆိုလည်း မြန်မြန်သေ" လို့~
မိBom ခီးချင်ခီး မတတ် နိုင် Chae သင်တန်းသွားရအုံးမည်။ နောက်ကျလို့မဖြစ်။ ဖုန်းကိုပိတ်လိုက်ပြီး နံရံမှာ ချိတ်ထားသော သူ့ အင်္ကျီလေးကို သေသေချာချာခေါက်ပြီး အိတ်ထဲ ထည့်လိုက်သည်။
သင်တန်းက ပြန်မှပဲ Dami unnie ဆီ ဝင်ပေးလိုက်တော့မည်။
~
သင်တန်းရောက်တော့ သူ့အင်္ကျီထည့်ထားတဲ့ အိတ်ကို သူငယ်ချင်းတစ်ယောက် ရုတ်တရက် ရှာတွေ့သွားသည်။
ယောက်ျားလေး အင်္ကျီဆိုတော့ Chae ကို ဝိုင်းကြပ်ကြသည်။
Chae ကတော့ သူတို့ဝိုင်းကြပ်ပြီး မေးတာတောင် သူ့နာမည်ထုတ်မပြောခဲ့။
တကယ်လို့ အဲ့အင်္ကျီက သူ့အင်္ကျီ ပါလို့ အမှန်တိုင်းပြောပြရင်လည်း သူတို့က ယုံမှာမဟုတ်။
အရူးလို့တောင် အထင်ခံရဦးမည်။ဒါ့ကြောင့် ဘယ်သူ့မှမပြောတာပဲ ကောင်းသည်။