' ခင်ဗျား ထွက်သွား...!!!!'စံအိမ်တော်ကြီး ထဲကနေဘယ်နှစ်ကြိမ်မြောက်
မှန်းမသိသော မောင်းထုတ်သံ
ထွက်လာခဲ့ပြန်ပါပြီခဏအကြာမှာ
ဘယ်နှစ်ယောက်မြောက်မှန်းမသိသော ဆရာဝန်
လည်း အထုပ်တွေကားပေါ်ပစ်တင်ကာ
တဖြည်းဖြည်း ရွေ့လျားသွားသော ကားလေးရဲ့
ဦးတည်ရာက စံအိမ်တော်ကြီးနှင့်ဝေးရာသို့ ~~~'•'•'•'•'•'•'•'•'•'•'•'•'•'•'•'•'•'•'•'•'•'•'•'
'အမြဲ ဒီလိုလုပ်နေလို့မရဘူးလေ
hyunee ah ...မင်းအတွက် ဆရာဝန်ရှာပေးရတာလည်း hyung ပင်ပန်းနေပြီရယ် 'အားမရှိတဲ့ အသံနှင့်ပြောလာသော အကိုဖြစ်သူ
Kim jongin ရဲ့ စကားကို
Kim baekhyunတို့ second မခြား
ချက်ချင်းတုန့်ပြန်လာသည်က' hyung ကိုဘယ်သူရှာခိုင်းလို့လဲ ?'
Jongin တစ်ယောက် ကြားလိုက်ရတဲ့စကားအတွက် သက်ပြင်းဖွဖွချလျက်သာ
'မရှာလို့ မရဘူးလေ
hyunee ကိုတစ်ယောက်တည်းထား
လို့မှမရတာ ၊ hyung ကလည်း company
အလုပ်တွေနဲ့ဆိုတော့ hyunee ကိုမစောင့်ရှောက်နိုင်ဘူးလေ ...'' ဒါဆို အိမ်မှာရှိတဲ့ အိမ်တော်ထိန်း
Mr. Min ကသေနေလို့လား ???'သာယာစွာ နားဝင်အောင်ပြောနေသော်လည်း
လုံးဝလက်မခံသော ညီဖြစ်သူကြောင့် ဒေါသနှင့် ထ အော်မိတော့၏' baekhyun !!! ဘာလို့ အဲ့လောက်တောင်
ရိုင်းရတာလဲ ? ဟမ် ! အဲ့ဒါကြောင့် မင်းအနားမှာဘယ်သူမှမနေချင်တာ ''မနေနဲ့ပေါ့ ကျနော်လည်းမရှိစေချင်ပါဘူး'
'မင်းဘယ်လိုလူနဲ့မှအဆင်ပြေမှာလဲ!?
မင်းပုံစံကိုမပြင်ရင် မင်းအတွက် ဆရာဝန်ဆိုတာ
ငွေပေးခေါ်ရုံနဲ့ မရနိုင်တော့ဘူးဆိုတာ
နားလည်ထား!! '* ဝုန်း !!*
Jonginအခန်းတံခါးကို ဒေါသတကြီး
ဆောင့်ပိတ်လိုက်ပြီးနောက်အခန်းပြင်ထွက်ခဲ့ပြီ
YOU ARE READING
💖💖Tomorrow With You 💖💖( Completed)
FanfictionChanbaek More than love you forever #uni & zawgyi