*Part.18*

3.1K 251 9
                                    

' နာမည်​က Kim baekhyun ​နော်​ '

'ဟုတ်​ကဲ့ '

'korea လူမျိုး'

စစ်​​ဆေး​မေးမြန်း​နေတဲ့​ကျောင်းအုပ်​ နဲ့ ပြန်​​ဖြေတဲ့ hyung ၊ အခုထိ ကျ​နော်​တစ်​ခွန်းမှမဟ ရ​သေးဘူး ခဏကြာ​တော့ လူတစ်​​ယောက်​ဝင်​လာတယ်

' ​ကျောင်းအုပ်​ကြီး​ခေါ်တယ်​ဆိုလို့ပါ '

' ဟုတ်​ကဲ့ ဆရာ သူက ဆရာအတန်းရဲ့ ​ကျောင်းသားအသစ်​ပါ နာမည်​က Kim baekhyun တဲ့ '

အရပ်​ခပ်​ရှည်​ရှည်​နဲ့ ​တော်​​တော်​ကြည့်​​ကောင်းတဲ့လူမျိုး မျက်​လုံးက နက်​​မှောင်​​နေတာပဲ
တည်​ငြိမ်​တဲ့ မျက်​နှာထားနှင့်​ ၊
မိတ်​ဆက်​​ပေးလို့ကျ​နော့်​ကိုလှမ်းကြည့်​လာတာများ ​လေဟာနယ်​ထဲ​ရောက်​သွားသလို အသက်​ရှူတာ​တောင်​ရပ်​သွားတယ်
baekhyun ​ရေ မင်းအဖြစ်​ကလည်း ဒီ​ရောက်​မှပဲ ​ကြောက်​ရမယ့်​သူ​တွေချည်းပါလား

' ကျ​နော်​ kim baekhyun ရဲ့အုပ်​ထိန်းသူပါ '

hyung ကနှုတ်​ဆက်​ဖို့လက်​ကမ်း​ပေး​တော့ သူအလိုက်​တသိ လက်​ဆွဲနှုတ်​ဆက်​ရင်း သူ့နာမည်​ကိုမိတ်​ဆက်​လာတယ်

' ကျ​နော့်​နာမည်​ Zi Tao ပါ '

' baekhyun ကို ကူညီ​စောင့်​​ရှောက်​​ပေးပါဦး
လိုအပ်​တာရှိရင်​ အချိန်​မ​ရွေး အကူညီ​တောင်းနိုင်​ပါတယ်​ '

' ​ကျေးဇူးပါပဲ ဒါမဲ့ မလို​တော့ပါဘူး '

ဟွန်း ~~မာနကလည်းကြီး​သေး

' ဒါဆို ကျ​နော်​တို့ကို ခွင့်​ပြုပါဦး '

' ​ကောင်းပါပြီ '

~~~~~~~~~~~~~~~~~~~~~~~~~~~~

ကျောင်းထဲကထွက်​​တော့မှ လူက သက်​ပြင်းချနိုင်​​တော့တယ်
အားမပါပဲဆွဲဖွင့်​တဲ့ ကားတံခါးက ပွင့်​မလာ

' ah......ဒါကဘာလို့ဖွင့်​မရတာလဲ !'

' ​လော့ ​ကျ​နေတာလား hyung ဖွင့်​​ပေးမယ်​ '

hyung ဆွဲဖွင့်​လိုက်​​တော့ ညင်​ညင်​သာသာပွင့်​လာတဲ့တံခါး

' ဖွင့်​လို့ရပါတယ်​ '

ဘာမှပြန်​မ​ပြော​တော့ဘဲ ဒီအတိုင်းဝင်​ထိုင်​လိုက်​တယ်​ တကယ်​​တော့ပြန်​​ပြောဖို့ အား​တောင်​မရှိ

💖💖Tomorrow With You 💖💖( Completed)Where stories live. Discover now