*Part.27*( FINAL)

5.8K 295 12
                                    


' ဘာလုပ်​​နေတာလဲ baekhyun ​ကျောင်းမတတ်​ဘူးလား ?'

' ah.....Nona သွား​တော့မယ်​​နော်​ '

ဘေးကိုကားအနီ​လေး​ရပ်​လာသည်​နှင့်​ သူမလည်း ကား​မောင်းထွက်​သွား​တော့သည်​ တဖြည်းဖြည်း​ဝေးသွားတဲ့ ကားကိုမြင်​​နေ​ပေမယ့်​ အခုထိ​ကျောက်​ရုပ်​လို တစ်​ချက်​မှမလှုပ်​မိ​သေး

ဆူညံ​နေတဲ့ ကားလမ်းမ​ကြီး​ပေါ်ကိုယ့်​ရဲ့အသက်​ရှူသံကို​တောင်​ပြန်​ကြား​နေရပြီ

ရင်​ဘက်​ထဲမှာလည်း ထိန်းမနိုင်​တဲ့ လှုပ်​ခတ်​မှု​တွေ​ကြောင့်​ အသက်​ရှူ​တောင်​ မမှန်​ချင်​​တော့ပါ

ဝေဝါးလာတဲ့မျက်​လုံး​တွေ​ကြောင့်​ ကိုယ့်​ကိုယ်​ကို အားတင်းလိုက်​တယ်​* ဒီတစ်​ခါ ငါလဲကျလို့မဖြစ်​ဘူး*

' baekhyun ah...ဘာဖြစ်​​နေတာလဲ ...ငါ​ခေါ်တာကြားလား '

' ငါ....ငါ...သွားမှဖြစ်​မယ်​ ...ငါသူ့ဆီသွားရမယ်​ sehun ah....ငါ့ ကို ကူညီပါ​နော်​ '

က​လေးတစ်​​ယောက်​လို​တောင်းဆိုမိပါတယ်​ အသံ​တွေ​တောင်​ တုန်​နေသည်​အထိ ကျ​နော်​ တည်​ငြိမ်​မှုမရှိ . ခွင့်​လွှတ်​ပါ ခင်​ဗျားနဲ့ပတ်​သက်​ရင်​ ကျ​နော်​အခုထိ လူကြီးမဆန်​နိုင်​​သေး

' ဘယ်​ကို သွားမှာလဲ ?'

' ​သူရှိ​တဲ့​နေရာ .......'

အချိန်​ခဏကြာသည်​အထိ sehun တစ်​​ယောက် တုန့်​ပြန်​မှုမရှိ

' ​တော်​​တော့ Kim baekhyun '

တိုးညှင်း​နေတဲ့ အသံက ကျ​နော့်​ကို စိတ်​ပျက်​​နေပြီဆိုတဲ့ သ​င်္ကေတလား

' sehun ah....​'

' ​ကျောင်းမတတ်​ရင်​ ငါနဲ့ ပြန်​လိုက်​ခဲ့ ......'

' andoeyo...sehun ah....andoe....!'

အတင်းငြင်း​နေမိ​ပေမယ့်​ မတ်​တပ်​ရပ်​ဖို့​တောင်​ အင်​အားမရှိတဲ့ ကျ​နော်​ ဘယ်​လိုလုပ်​ပြီး ကား​ပေါ်​ရောက်​လာတယ်​မသိ . အရှိန်​နဲ့ပိတ်​သွားတဲ့ တံခါးသံကြား​တော့မှ သတိထားမိတယ်​ ကားထဲမှာLuhan လည်းရှိတာလား

' sehun ah....'

' အိမ်​ပြန်​ကြမယ်​ ....hyung ​နောက်​မှထပ်​သွားကြတာ​ပေါ့ '

💖💖Tomorrow With You 💖💖( Completed)Where stories live. Discover now