' ဘယ်အချိန်ထိဒီမှာထိုင်နေမှာလဲhyun လေး'နောက်ကျောဘက်ဆီကလာတဲ့အသံ
ပိုင်ရှင်Jongin ဆိုတာ သိတာမို့ မျက်ရည်တွေ
အလျင်အမြန်လက်နဲ့သုတ်ပစ်လိုက်ပြီး
ဟန်မပျက်လေးဆက်၍' hyung ဘယ်သွားတာလဲ ??'
ငိုနေမိတာကို hyung သိမှာစိုးလို့
တမင် စကားရှာမိပါတယ် သိဖြစ်အောင်ကို
ိုသိသွားသေး' ငိုမနေနဲ့တော့ hyun လေး
မင်းပဲပင်ပန်းမှာ ..မနက်ဖြန်ကျရင်
hyung အဲ့ basket ball ကွင်းကို
ဖျက်ခိုင်းလိုက်မယ် '' ဟင့်အင်း...မဖျက်နဲ့ hyung
မဖျက်လိုက်ပါနဲ့ '' ဖျက်မယ် hyun လေး
ဒါမှ မင်းနောက်ထပ်ဒီမှာလာမထိုင်တော့မှာ
အဲဒါမှလည်း မျက်ရည်မကျတော့မှာလေ
အဲ့လိုမှမဟုတ်ရင် ညတိုင်းဒီ basker ball
ကွင်းကိုလာလာကြည့်ပြီ ငိုနေဦးမှာ
hyung ပြောတာမှန်တယ်မလား 'လမ်းလျှောက်ဖို့ပြန်လေ့ကျင့်မယ်ဆိုရနိုင်သေးတာကို
မသင်ဘူးဆိုပြီးအတင်းငြင်းကာ ညတိုင်းလာငိုနေတတ်သောကောင်လေးရဲ့စိတ်ကို ကျနော်
တကယ်နားမလည်' မှားတယ် hyung !'
jongin ရဲ့ စကားအဆုံးစက္ကန့်မလပ်တုန့်ပြန်
လာသည်က ဝမ်းနည်းမှုတွေရောစွတ်နေသော
အသံနှင့်' ကျနော်မှာ စိတ်တိုင်းကျနေခွင့်မရှိဘူးလေ
hyung ၊ စိတ်တိုင်းကျသွားလာခွင့်လည်း
မရှိဘူး၊ ဒါမဲ့ ကျနော် ကိုယ့်ကိုကိုယ်တော့
ပိုင်ပါသေးတယ်
မချုပ်ချယ်ချင်ပါနဲ့တော့ hyung ရယ်
hyung ကြောင့်ကျနော့်ရဲ့ ဆန္ဒတွေကို
ဘယ်လောက်တောင်ထိန်းချုပ်ခဲ့ရတယ်ဆိုတာ
သိလား ၊ ကျနော့်ရဲ့ မျက်ရည်စတွေကအစ
လာပြီးမကန့်သက်ပါနဲ့'ဒေါသထွက်လို့အော်တာလား
ဝမ်းနည်းလို့အော်တာလားတော့မသိ
ဒီလိုအော်ပြောလောက်တဲ့သတ္တိကို hyunee
ဘယ်ကများရခဲ့လဲ
ဘာပဲဖြစ်ဖြစ် အရင်လိုမဟုတ်ပဲ
စိတ်ဆက်လွန်းနေသော baekhyun အား
ပြန်လည်ချေပရန် jongin ၌စကားမရှိ

YOU ARE READING
💖💖Tomorrow With You 💖💖( Completed)
FanficChanbaek More than love you forever #uni & zawgyi