' နောက်မကျစေနဲ့နော် အကိုလေးchan...
အကိုလေး jongin ပြန်လာလို့အိမ်မှာ
မရှိတာသိရင် ကျနော် ဆူခံရမှာ...'' စိတ်ချပါဗျာ... နောက်မကျစေရဘူး '
စိုးရိမ်မျက်လုံးများနှင့်လိုက်ကြည့်ရင်းစိတ်မချဖြစ်နေသောအိမ်တော်ထိန်းအားစိတ်သက်သာအောင်ပြန်ပြောလိုက်ပြီးရှည်လျားတဲ့လျှောက်လမ်းကိုဖြတ်ကျော်ကာခြံထဲကထွက်ခဲ့တယ်
ကောင်လေးတစ်ယောက်ရဲ့ရင်ထဲမှာတော့
အတိုင်းမသိပျော်နေလေရဲ့jongin hyung မသိအောင်အပြင်ခိုးထွက်တာ
ဒါပထမဆုံးအကြိမ်ပါ
ညနေစောင်းလေး အပြင်လမ်းလျှောက်ထွက်ဖို့ခေါ်တဲ့ yeol ရဲ့ တောင်းဆိုမှုကိုကျနော်မငြင်းခဲ့
ကျနော်လမ်းကောင်းကောင်းမလျှောက်နိုင်သေးပေမယ့်Yeol တွန်းပေးမယ့် wheelchair လေးအားလိုက်စီးချင်မိပါ၏အိမ်ပြင်မှာရှိနေသောလေညင်းတို့က
baekhyun လေး၏ ပါးပြင်ဖြူဖြူလေးအား
နမ်းရှိုက်လိုက်၏
ထိုကောင်လေးကလည်း မျက်လုံးစုံမှိတ်ကာ
အနမ်းတို့ခံယူရင်း( ဟွန့်~...ကုန်ပါပြီ....ကုန်ပါပြီ...
လေနဲ့တောင်သဝန်တိုတာ ဒီauthor လည်း
အရူးပါလို့ ...)လမ်းလျှောက်ရင်းကျနော့်ကိုခေါ်လာသောနေရာက
မြက်ခင်းစိမ်းလေးတွေစိုးမိုးပြီး cherry ပန်းပင်
လေးတွေ အလှဆင်သောတောင်ကုန်းလေးတစ်ခု
တောင်ကုန်း သာဆိုရတယ် သိပ်မမြင့်
ခပ်လျောလျောလေး
ကျနော့်အိမ်ပတ်ဝန်းကျင်မှာ ဒါမျိုးရှိတယ်မှန်းမသိခဲ့မြက်ခင်းစိမ်းနဲ့ ပန်းရောင်cherry က အတော်
လိုက်ဖက်နေ၏
လေတိုက်တိုင်းတဖျတ်ဖျတ်လွင့်ကြွေနေတဲ့ cherry ပန်းတို့ကြောင့် ပန်းချီကားလေးတစ်ချပ်လို
ဒီမြင်ကွင်းလေးကတကယ်မျက်လုံးထဲစွဲနေမှာသေချာပိုပြီးပြည့်စုံတာက ဒီcherryတွေနဲ့
တစ်သားတည်းကျနေတဲ့ကောင်လေးရဲ့ အပြုံး
YOU ARE READING
💖💖Tomorrow With You 💖💖( Completed)
FanficChanbaek More than love you forever #uni & zawgyi