ပထမဆုံးအကြိမ် မဟုတ်ပေမယ့် ပြန်ကြားနေရတဲ့ ကိုယ့်အသက်ရှူသံတွေက တကယ် စိတ်လှုပ်ရှားစေတယ် ပတ်ဝန်းကျင်လေထုပြောင်းသွားခြင်းနှင့်အတူ ခံစားချက်ကပါ အရောင်ပြောင်းပြီ
နေရာမှာဝင်မထိုင်သေးဘဲ အခန်းရှေ့မတ်တပ်ရပ်နေမိတယ် ဘာလို့ တွန့်ဆုတ်နေမိမှန်းမသိ
အရင်က sehun နဲ့ အတန်းလစ်ခဲ့တာတွေ ခေါင်းထဲပြန်ပေါ်လာတော့ အသက်ပါပါပြုံးရင်းတိုးတိုးသာ ရေရွတ်လိုက်တယ် * မနေ့တနေ့က အတိုင်းပဲ *
' Ooh sehun ရေ မင်းကို တကယ် သတိရတယ်ကွာ '' ကျောင်းတတ်သွားတာလည်းသတိရဦး
ဘယ်အချိန်မှ ဝင်ထိုင်ဖို့စဉ်းစားထားလဲ '' ah.....အခုလာပါပြီ '
ဆရာထွက်ပြောမှ ကျောင်းတတ်သွားတာသိတော့တယ် စိတ်က အခြားရောက်နေတော့ bell တီးသံတောင်မကြားမိ ငါတကယ် စိတ်လွတ်သွားတာပဲ baekhyun ရေ လုပ်လိုက်ရင် အရာရာနဲ့ အကြောင်းကြောင်း~~~~
ပထမဆုံးနေ့ဆိုတော့ ကိုယ့်ကို သိတဲ့လူမရှိခေါ်တဲ့လူမရှိ အင်းပေါ့လေ နောက်တော့အဆင်ပြေသွားမှာပါ
~~~~~~~~~~~~~~~~~~~~~~~~~~~~
ကျောင်းဆင်းတော့ ကားလာကြိုမှာစောင့်နေလိုက်တယ် luhan ပြောထားတယ်လေ လာကြိုမို့လို့ နောက်ကျရင် စောင့်နေပေးပါတဲ့
5min လောက်ရှိပြီ ရောက်မလာသေးဘူး လူတွေက လှည့်ကြည့်လှည့်ကြည့်နဲ့ သူတို့ လူမမြင်ဖူးဘူးထင်တယ် တကယ်တော့ ရပ်စောင့်နေတာ ကျနော်တယောက်တည်းလေ အားလုံးက ကိုယ့်သူငယ်ချင်းတွေနဲ့ ကိုယ်စီပြန်ကြတာ အချို့စက်ဘီးနဲ့ အချို့လည်း ကားနဲ့ပေါ့
အဲ့ဒါကြောင့် ထူးဆန်းနေတာဖြစ်မယ်ဟင် ? ဘာလဲဟ ? လူကိုသေချာကြီး လာကြည့်နေတယ် လူပုံစံကိုက အူကြောင်ကြောင်နဲ့
' baekhyun ...!'
အမလေး ~~လန့်လိုက်တာ သူ...သူကျနော့်ကို သိလို့လား
YOU ARE READING
💖💖Tomorrow With You 💖💖( Completed)
FanfictionChanbaek More than love you forever #uni & zawgyi