Chapter-1

15.9K 1K 33
                                    

Zawgyi

ဖြောင့်ဖြူးနေသော ကားလမ်းမထက်တွင် ကာလေးတစ်စီး ဖြေညှင်းစွာမောင်းနှင်နေသည်။ပင်လယ်ဘက်ကလာသော ပင်လယ်လေတို့သည် ထိုတောင်ပတ် ကားလမ်းမထက်သို့တိုက်ခတ်နေသည်။

ထိုကားပေါ်တွင် မောင်းသူနေရာတွင်
ထိုင်နေသောကောင်လေးတယောက်သည် ကားပြတင်းပေါက်ကနေ လက်လေးတစ်ဖက် ထွက်ကာ လေပြေတို့ ဖမ်းဆုပ်နေသည်။

ထိုကောင်လေးရဲ့ ကားထဲတွင် laptop ကိုဘေးတွင်ချထားတာတွေ့ရသည်။laptop ရဲ့ ဖန်သားပြင်ပေါ်တွင်ပေါ်နေသော အရုပ်လွှာတွေမှာ mermaid ရဲ့ အကြောင်းတွေပင်။laptop ရဲ့ ဘေးတွင်ရှိနေသော card မှာ id card တခုပင်။

id card ပေါ်တွင်ရှိနေသော id photocard မှာ ခက်လူငယ်တယောက်ဖြစ်ပြီး ထိုသူရဲ့ နာမည်မှာ Jeon Jungkook ဖြစ်ပြီး အသက်မှာ 22 သာဖြစ်သည်။ ပို၍စိတ်ဝင်စားဖို့ကောင်းတာက ထိုသူက သုတေသန ပညာရှင်တစ်ဦးသာလည်းဖြစ်နေသည်။

တိတ်ဆိတ်နေသော ကားထဲတွင်ပြန့်ဝင်လာသော ဖုန်းသံ!!!

'တူ တူ တူ '

'ဟဲလို အမိန့်ရှိပါ'

'Jungkook မင်းသွားနေပြီလား'

'ဟုတ်ကဲ့ ဆရာ ကျတော်ရောက်တော့မှာပါ ဆရာ'

'အေးကွာ မင်းကို စိတ်ချမယ် ငါတို့ ဒီတခေါက်လုပ်မဲ့ သုတေသနက ပိုအရေးကြီးတယ် Jungkook'

'စိတ်ချပါဆရာ ဒါပေမဲ့ ဒါက ကံနဲ့ဆိုင်မယ်ထင်တယ် အောင်မမြင်တာလဲ 50%ဖြစ်သလို အောင်မြင်တာလဲ 50% ပါပဲ ဆရာ ကျတော်ပြောချင်တာ Mermaid ကို သိပ်မမျှော်လင့်စေချင်ဘူးဆရာ'

'အေးပါကွာ ငါသိပါတယ် အေးအေး မင်းလဲ ဂရုစိုက်ဦးနော် ဒါပဲ Jungkook'

'ဟုတ် '

Jungkook ဖုန်းချလိုက်တော့မှာ သက်ပြင်းချလိုက်ကာဒီစမ်းသပ်မှုက ကျတော့်တို့အတွက် ခက်ခဲမယ်ထင်တယ် တကယ်ရော mermaid ဆိုတာ ရှိလို့လား

တကယ်သာရှိရင်တော့ ကျတော်တို့ သုံးသပ်မှုက ပိုမိုချဲ့တွင်လာပြီး ကျတော် ရာထူးတိုးနိုင်မယ် ထင်တယ်။ ဒါပေမဲ့မျှော်လင့်ချက် 5% ပဲရှိနေတာ ခက်တယ်။ ကျတော် ကားကိုအရှိန်ဖြင့်မောင်းနှင်လိုက်တော့သည်။

MermaidWhere stories live. Discover now