Zawgyi
'မင်းက'
ထိုကောင်လေးက ကျတော့်ကိုကြောင်ကြည့်နေသည်။
'အဖိုးရရဲ့လား ကျတော်ပြောတယ် အဲ့လိုတွေဖြစ်လိမ့်မယ်လို့'
ကျတော့်စကားကို အရေးမစိုက်ပဲ အဘိုးကိုသာ ပြောနေသော ကောင်လေးကိုကြည့်မိသည်
'အဖိုးပြောတယ်လေ ထွက်မလာနဲ့လို့'
'အဖိုး အဲ့လိုဖြစ်နေတာတောင် အဖိုးကကျတော့်ကိုဆူနေသေးတယ် ကျတော်အဖိုးကိုမုန်းတယ်'
'Jimin ...Jimin....!'
အဘိုးကိုစိတ်ပူပြီးပြောနေတဲ့ ကောင်လေးက အခုငိုပြီးထွက်သွားပြီ။အဘိုးကလည်းထူးဆန်း
'အဘိုး ရရဲ့လား'
'ရတယ် လူလေး '
'အဘိုး ဒါနဲ့သူက အဘိုးရဲ့မြေးလား'
'ဟုတ်တယ် လူလေး'
'ဟုတ်လား အဘိုးကပြောတော့ တယောက်တည်းနေတာဆို အဘိုးကကျတော့်ကိုလိမ်ပြောတယ်ပေါ့'
'မဟုတ်ရပါဘူး လူလေး အဘိုးမြေးက ဆိုးလို့ကွယ့်'
'အဘိုး မြေးရဲ့ နာမည်က ...'
'ဘာဖြစ်လို့မေးတာလည်းကွယ့်'
'မဟုတ်ပါဘူး အဘိုး ကျတော် သူနဲ့ခင်ချင်လို့ပါ'
'အင်း အဘိုးမြေးရဲ့ နာမည်က'
'Park Jimin'
ဒီအသံက အဘိုးပြောတဲ့အသံမဟုတ်ဘူး ကျတော့်ကြည့်လိုက်တော့ခုနကကောင်လေး
'ကျတော့် နာမည်က Park Jimin ပြီးရင် ခင်များပြန်တော့'
'Jimin ဧည့်သည်ကို ဘယ်လိုပြောလိုက်တာလဲ'
'အဖိုး ကြားတဲ့အတိုင်းပဲ ခင်များပြန်တော့လို့ အဲ့လိုပဲထိုင်နေမှာ ကျတော်နဲ့
အဘိုးပြောစရာစကားရှိတယ်'အယ်...ကျတော့်ကို နှင်လွတ်နေသောJimin ကိုကြည့်ပြီးရယ်ချင်မိတယ်
'အဘိုး ကျတော်ပြန်လိုက်တော့မယ်'
'နေပါဦး လူလေးထမင်းစားသွားတော့လေ'
'နေပါစေတော့ အဘိုး ဟို အဘိုးရဲ့ မြေးလေး
ပိုကောက်နေဦးမယ် ကျတော်သွားပြီအဘိုး
ခွင့်ပြုပါဦး'