Zawgyi
အခု ရက်နဲ့ဆို တပတ်ရှိသွားပြီ။jimin စကားမပြောတာအတော်ကြာပြီပင်။
ကျတော် သူ့အိမ်သွားရင် အခန်းထဲမှာပဲအောင်းနေတတ်တယ်။ဒါနဲ့ ရပ်ကွက်ကလူကြီးတွေကို ပြောပြီး
Jimin ကို သူ့အိမ်မှာ နေခိုင်းဖို့ ခွင့်တောင်းခဲ့တယ်။ဒါပေမဲ့ တချို့သူတွေ Jimin
အတွက်မဆင်မပြေနိုင်ဘူးဆိုသောစကားများနှင့်သာကြားရတယ်။ဒါပေမဲ့ ခွင့်ပြုလိုက်ကြတယ်။ဒီကျွန်းကလူတွေက Jimin ကို စောင့်ရှောက်ဖို့,ပြီးရင် သူ့ကိုမဆူဖို့၊သူဘာပဲဖြစ်နေနေ ခွင့်လွှတ်ဖို့အမျိုးမျိုးမှာကြားကြတယ်။
အခုဆိုကျတော့်အိမ်ရောက်တာ သုံးရက်ရှိသွားပြီ၊ စကားမပြော၊ထမင်းမစား အခန်းထဲကလည်းမထွက်လာ!!! ဒီကလေး ဒီတိုင်းသာသွားရင်ရောဂါရမယ်ဆိုတဲ့စိတ်နဲ့ ကျတော်မှာ သတိကပ်နေရသည်။ ကျတော့်ရဲ့ အလုပ်ဖြစ်တဲ့ဟိုကိစ္စတောင်မလုပ်နိုင်။သူ့ကို
ဂရုစိုက်နေရတာနဲ့ ကျတော့်အချိန်တွေ ကုန်သွားတယ်။ဒီနေ့တော့သူ့ကို အပြင်ခေါ်ထုတ်မှဖြစ်မယ်... ကျတော် jimin ရဲ့ အခန်းကိုတံခါးခေါက်လိုက်သည်။
ဒေါက်....ဒေါက်....ဒေါက်...
'Jimin ကိုယ်နဲ့ ပင်လယ်ဘက်ကို သွားရအောင်'
အခန်းထဲမှဖြေသံမကြားရ ဘယ်တော့မှ ပြန်မဖြေတဲ့သူကြောင့် ကျတော်တံခါးဖွင့်လိုက်တော့ ကုတင်ပေါ်မှာမရှိ သူကဝံရတာ မှာ မတ်တက်ရပ်နေသည်။မတ်တပ်ရပ်တာက ဝံရံတာ သံဗန်းပေါ်တွင်ကျတော်ပြေးသွားကာ ... သူ့ကိုအနောက်ကနေလှမ်းပွေ့လိုက်သည်။
'ရူးနေလားJimin မင်းရူးနေလား ကိုယ့်ကိုယ့် ဘာလို့ ဒီလိုလုပ်ဖို့ စိတ်ကူးနေရတာလည်း'
jimin က ကျတော့်ရင်ခွင်ထဲကရုန်းနေသည်။ကျတော်သူ့လက်မောင်းကို ဆွဲကိုင်လိုက်ပြီးသူ့ကိုသေချာကြည့်ကာပြောလိုက်သည်
'မင်းက အဘိုးကို ဆုံးရှုံခံလိုက်ရပေမယ့် ငါက မင်းကိုဆုံးရှုံးမခံနိုင်ဘူး Jimin'
ကျတော်မျက်လုံးများကိုသေချာကြည့်နေသော Jimin ပြီးတော့ သူ့မျက်လုံးမှမျက်ရည် စက်တို့ကျလာကာ