Zawgyi
Jimin's p.o.v
ကုတင်ပေါ်မှာလဲလျောင်းနေတဲ့သူ့လက်လေးကိုကိုင်ပြီး နိုးထလာဖို့ဆုတောင်းတယ်.. ဒီနေ့နဲ့ဆို လေးရက်မြောက်နေ့ရှိသွားပြီ... ဒါပေမဲ့သူသတိမရလာသေး...
ကျတော့်ကိုဖမ်းသွားတဲ့နေ့က သူလာကယ်တာမှားတယ်လို့တွေးမိတယ်။ကံကောင်းတာအချိန်မှီရဲတွေရောက်လာတာကြောင့် ထိုလူတွေအကုန်ဖမ်းခံလိုက်ရတယ်။ဒါပေမဲ့ ကျတော်ချစ်သူက အခုထိမနိုးထသေးပေ။
သတင်းလာမေးကြတဲ့ အလုပ်ဌာနသူတွေကိုလည်း သူ့အစားကျတော့်မှာ ဧည့်ခံရသည်။ဒါတောင် သူ့ကို crush နေတဲ့သူတွေကလည်း လက်လေးကိုင်လိုက် ငိုလိုက်ကြနဲ့ over ကိုဖြစ်နေသည်မှာကျတော်ကြည့်မရပေ။
တချို့တွေကြတော့လည်း ရိုးရိုးသားသား တချို့ကြတော့လည်းကျတော်နဲ့သူနဲ့ကို အဆုံးထိတွေးတဲ့သူနဲ့....အော် ဘယ်လိုတွေတောင် ခင်များရဲ့ ဌာနကလူတွေက ဒါတွေလည်းသိတာပဲလား
"jungkookထပါတော့ကွာ ကျတော် ပျင်းလှပြီ"
"ကျတော် ပန်းလေးတွေဝယ်လာတယ်"
"အိမ်မက်မက်နေတာလား ဒီလောက်အိပ်ပျော်နေရအောင်"
ထိုအခန်းထဲတွင် ငိုလိုက်ရယ်လိုက် စကားပြောနေတဲ့ jimin လေးကြောင့်
"12:45 AM"
jimin က သူ့လက်လေးကိုင်ကာအိပ်ပျော်နေလေသည်။ ဒါပေမဲ့ လှုပ်ရှားစပြုလာတဲ့ jungkook ရဲ့လက်လေး...ကြောင့် jimin လန့်နိုးသွားရသည်။
"လက်... လှုပ်လာပြီ..."
"jungkook"
"ကလေး...."
ကလေးဆိုတဲ့ ကျတော့်နာမည်ကို
ညင်သာစွာခေါ်တဲ့ သူ့ရဲ့အသံလေးကို ကျတော်လွမ်းနေတာအတော်ကြာပြီ...."ကျတော် ရှိတယ် ခဏလေး ...dr dr လူနာသတိရလာပြီ"
ဆရာဝန်တွေကမကြာပါဘူးဝင်လာကာ သူ့ကို စစ်ဆေးကြည့်ပြီးကျတော့်ကိုအဆင်ပြေတဲ့အကြောင်းပြောပြီးထွက်သွားတော့...
"jungkook.."
ကျတော့်မျက်ရည်တွေကစီးကျလာပြန်ပြီ..
"ကလေး .... ကိုယ့်ဆီလာပါဦး...."
သူထမယ်လုပ်တော့ ..