Zawgyi
မနက်နေရောင်ခြည်ရဲ့ အလင်းသည် Jungkook ရဲ့ အိမ်ထဲသို့ ဖြာကျလာသည်။ Jungkook သည် မနက်စောစော နိုးတတ်သည့်အကျင့်ကြောင့်ပင် ဘာမှပြောစရာမရှိပင်။ဓာတ်ခွဲခန်းမှာ အများနဲ့ နေရသည်မို့ နေသားကျသွားတာဖြစ်မို့များသည်။
ကော်ဖီခွက်လေးကိုင်ကာပင်လယ်လေကို ခံစားဖို့အတွက် ဝရံတာသို့ ထွက်လာခဲ့သည်။
ကျတော်သည် ရေလှိုင်းတို့ရဲ့ ရိုက်ခတ်သံတို့က ပို၍ပင် ချိုသာနေသဖြင့် နားဝင်ချိုလှသည်။ကျတော် မျက်ဝန်းတို့က အပြာရောင် ရေပြင်လှိုင်းကိုကြည့်နေမိသည်။စင်ရော်ငှက်တို့၏ ကြွေးကျော်သံများ ပို၍ ချိုသာနေသလို ရှိနေသည်။
ကျတော် ကော်ဖီကို တစ်ငုံသောက်ပြီး
ပင်လ်ာပြင်ကိုလှမ်းကြည့်လိုက်ချိန်မှာ မြင်လိုက်ရတာ MerMaid!!!!!!ကျောက်တန်းပေါ်တွင် ထိုင်နေတာကိုတွေ့လိုက်တဲ့ အတွက် ကျတော် ကော်ဖီကိုအမြန်ချက အိမ်ထဲ ကနေအမြန် ထိုနေရာသို့ဝုန်းဆိုင်းပြေးသွားခဲ့သည်ဖိနပ်တာင် မပါသည်ထိပင်။
ကျတော် ကျောက်တန်းနားသို့ရောက်တော့ ကျတော် မတွေ့တော့ပါ။ ကျတော် မျက်စိမှားတာမဟုတ်နိုပါဘူး။ကျတော်မြင်လိုက်တာ တကယ် ကျတော်သေချာမြင်လိုက်တာပါ ။
' လူလေး ဒီမှာ ဘာလုပ်နေတာလဲကွယ့် '
အနောက်က အဘိုးအသံကြောင့် ကျနော် လှည့်ကြည့်မိလိုက်သည်
' ဟို ဟို အဘိုး ကျတော် ရေသူမ ကိုတွေ့လိုက်လို့ '
'ဟင်.....!!!!!!'
အဘိုးရဲ့ အံ့သြသံတို့ထက် တုန်လှုပ်သွားတဲ့ အသံဖြစ်နေသည်။
' လူလေး မျက်စိမှားတာနေမှာပါ '
' မဟုတ်ဘူး ကျတော် ညတုန်းကလည်း တွေ့လိုက်သေးတယ် ညက သေချာမမြင်လိုက်ပေမဲ့ အခုကျတော် မြင်တာသေချာတယ်အဘိုးရဲ့'
' လူလေး မျက်စိမှားတာနေမှာပါ ဒါတွေက အရင်ကပဲရှိတာပါ '
အဖိုးပုံစံက တခုခု ဖုံးကွယ်ထားသလို
' ထားပါတော့ ဗျာ ဒါနဲ့ အဘိုးက ဒီကို!??
လက်ထဲက ငါး တွေနဲ့ ''ဘာမှမဟုတ်ပါဘူးကွယ် ဒီတိုင်းဒီကိုလာတာ လူလေးကို ဒါတွေ ချက်ကျွေးမလို့လေ'