Zawgyi
Jungkook's pov
ထိုနေ့က အဖြစ်အပျက်တွေကြောင့် အဲ့ကလေးလေး အခုချိန်ထိရှောင်နေသေးသည်။
တခါခါ ကျတော်အောက်ထပ်ဆင်းလာရင် အပေါ်ထပ်ကိုအမြန်ပြေးတက်တာမျိုးတို့၊ထမင်းစားမယ်ဆိုရင် သူ့အခန်းရှေ့ထမင်းပန်းကန်ချပေးထားရသည်အထိပင်..ဘာကြောင့် အတွေ့မခံချင်လဲမသိပါ။
သေချာတာတခုတာတော့ ရှက်နေခြင်းဖြစ်ရမည်။သုတေသနလုပ်ငန်းကိစ္စကြောင့် ကျတော်အကျပ်ရိုက်နေရသည်ကတမျိုး။
ကိုယ်ချစ်ရသူကိုလည်း နာကျင်မှုမပေးချင် စိတ်ရှုပ်ရသည်။သုတေသနက ဖုန်းလာရင်ခေါင်းရှောင်လွှဲခဲ့ရပေါင်းများပြီ..အော် စဉ်းစားမိသည်။ထိုကလေးလေးမျက်လုံးအပြာရောင်လေးဆိုတာ အဲ့နေ့က မတိုင်ခင်ကစာတခုဖတ်ကြည့်တော့..တချို့သော ရေသူမျိုးနွယ်တွေမှာ ပုံမှန်မဟုတ်မှော်ပုံစံရှိသည်ဟုဆိုရသည်။
ဒါကသူတို့ရေနဲ့ထိတွေ့တဲ့အခါ ဒေါသထွက်တတ်တဲ့ခါ မျက်လုံးအရောင်ပြောင်းတာမျိုးကိုဖတ်ခဲ့ရတာကြောင့် ထိုနေ့ကဖြစ်ပျက်ခဲ့ ပုံရိပ်လေးကကျတော့်နှလုံးသားထဲစွဲကျန်နေမိသည်။
ကိုယ်ချစ်ရသူဟာ ဒီလိုလှပလွန်းလှတဲ့ ရေသူထီးလေးမှန်းမသိခဲ့ ...ကျတော် ရိပ်မိသွားသည်ထင်သောကြောင့် ဒီကလေးလေးရှောင်နေရခြင်းဖြစ်မည်။
တီ တီ..တီ..
တားဆီးခြင်းမခံထားရတဲ့ဖုန်းသံကတိုးဝင်လာခဲ့...screen ပေါ်တွင်ပြေးလွှားနေတဲ့ နာမည်တခုကြောင့် ထိုနံပါတ်ကိုကိုင်လိုက်ရင်ကောင်းမလား မကိုင်ရင်ကောင်းမလား စဉ်းစားနေတုန်းပင်
"ဖုန်းကိုင်လိုက်လေ"
အနောက်နေပြောလိုက်တဲ့ ကျတော့် ကလေးလေး
"ကိုယ်မကိုင်ချင်ဘူး Jimin"
" ခင်များ မကိုင်ရင်သူကဆက်ခေါ်နေမှာပဲမလား.."
"...."
"ဒါကြောင့် ကိုင်လိုက်ပါ ကျတော်ရေထဲဆင်းတော့မယ်မနက်မှပြန်ရောက်မှာ"
"ကိုယ်လိုက်ခဲ့ပါရစေ.."
"မလိုက်ခဲ့ပါနဲ့ ကျတော်တယောက်တည်းနေပါရစေ "
