မထင်မှတ်တဲ့ တိုက်ဆိုင်မှုတစ်ခုကနေ
မထင်မှတ်တဲ့ တွေ့ဆုံမှုတစ်ခု အစပြုတယ်.....အမှတ်မထင်ဘဲ ကိုယ်မင်းကို ချစ်မိသွားတယ်....
.............
ဆေးရုံရှေ့ ရောက်လို့ ကားရပ်လိုက်သည် ဆိုသည်နှင့် တစ်ပြိုင်နက် Kyungsoo တစ်ယောက် ကားပေါ်ကနေ လျင်လျင်မြန်မြန်ပင် ဆင်းလိုက်၏...
အိမ်တော်ထိန်း ဘိုးဘိုးတစ်ယောက်ထဲ အထုပ်တွေ သယ်ရမှာ မနိုင်မှာစိုးလို့ဆိုပြီး
Dae Hyung စားဖို့ ဟင်းထုပ်တွေလည်း သူပဲ သယ်လာခဲ့လိုက်၏တွေ့လား Kyungsoo လေးက လိမ္မာပါတယ်ဆိုမှ....
အိမ်ပြန်ရောက်ရောက်ချင်းပဲ ဘိုးဘိုးနဲ့
အတူတူ လိုက်ချင်ဇောအားကြီးပြီး ကားပေါ် အပြေးအလွှားတက်ထိုင်ခဲ့သောကြောင့်
ကျောင်းဝတ်စုံဟာ အခုထိ မလဲရသေးကျောပိုးအိတ်ကလေးကိုလဲ မချွတ်ဘဲ ဒီတိုင်းပင် လွယ်လာခဲ့သောကြောင့်
သူ့ပုံစံဟာ ထမင်းချိုင့်လေး ဆွဲပြီး ကျောင်းသွားတက်တော့မည့် မူကြိုကျောင်းသားလေးနှင့်တောင် တူနေသေး၏လက်တစ်ဖက်က ထမင်းချိုင့်လေးကိုဆွဲ
နောက်လက်တစ်ဖက်ကိုလည်း အငြိမ်မနေဘဲ လေထဲမှာ ဝှေ့ယမ်းလိုက်
အောက်ချလိုက် အမျိုးမျိုးလုပ်ရင်း
ခုန်ဆွခုန်ဆွဖြင့် ဆေးရုံ အတွင်းသို့ လှမ်းဝင်လာခဲ့လေသည်ဓာတ်လှေကားထဲက ထွက်ပြီး Dae Hyung အခန်းရှိရာသို့ ခုန်ပေါက်ပြီး လာခဲ့သည်မှာ သူ့အမှား ဖြစ်သွားလားမသိ..
ရုတ်တရက် တစ်စုံတစ်ယောက်နဲ့ ဝင်တိုက်မိပြီး နောက်မှာတော့
သူ့လက်ထဲက Hyung အတွက် ညစာ ထမင်းဘူးလေးဟာ. ဆေးရုံ ကြမ်းပြင်နှင့်သွားပြီး အဆွေ ခင်ပွန်းဖွဲ့လေတော့၏အဲ့ဒီလူရဲ့ ပြေးလာတဲ့ အရှိန်ရော
သူကလည်း နဂိုကတည်းက
ငြိမ်ငြိမ်မလာခဲ့ ခုန်ပေါက်ပြီး လာသည့် အရှိန်ရော နှစ်ခုလုံးပေါင်းကာ Kyungsoo တစ်ယောက် ကြမ်းပြင်ပေါ်သို့ ဖင်ထိုင်ရက်သားလေး ကျလေတော့သည်ဘေးနားမှာလဲ ထမင်းဘူးထဲက ထမင်းဟင်းလေးတွေက ပြန့်ကြဲလို့
အော်...ဘယ်လိုတောင် သနားစရာ ကောင်းတဲ့ မြင်ကွင်းလေးပါလား
YOU ARE READING
O.U.R.S
Fanfictionအလိုလိုက်တဲ့လူ ရှိလို့ဆိုးတယ်... ကိုယ်ဘယ်လောက်ဆိုးဆိုး ချစ်ပေးမယ့်လူတွေ ရှိနေလို့ဆိုးတယ် ဘာဖြစ်လဲ ပြော.... Cover by ..AkariXing