SIX

2.5K 328 32
                                    

" ကိုကို ...ဒီနေ့ ကျောင်းမှာ ကျောင်းသားမိဘ တွေ့ဆုံပွဲရှိတယ်နော်
မေ့နေမှာစိုးလို့ "

"အေးပါ ငယ်လေးရယ်... Baek ကလေး ပြောပြီးပါပြီ...ကိုကို မှတ်မိပါတယ်..."

"အင်းပါ..အင်းပါ"

Kyungsoo တစ်ယောက်နေ့လယ် ကျောင်းသားမိဘ တွေ့ဆုံပွဲကို သတိပေးရင်း၊ ထုံးစံအတိုင်း အိပ်ရာထနောက်ကျသောကြောင့် မနက်စာကို မြန်မြန်သွက်သွက်ပင် ပါးစပ်ထဲ ကောက်သွပ်နေရ၏..။

အဲ့ဒါကို သတင်းစာဖတ်နေသည့် Xing Hyung က အမြင်မတော်ဘူးထင်ပါ့။
ကော်ဖီ တစ်ငုံသောက်ရင်း
သတင်းစာကို အဖတ်မပြတ်ဘဲ  သူ့ကို လှမ်းဆူလေသည်။

"ဖြည်းဖြည်းစားစမ်း ငယ်လေး...
နင်ကုန်တော့မှာပဲ... စောစောထရင် မနက်စာ နောက်ကျတာတွေ ဘာတွေလည်း မဖြစ်တော့ဘူးမလား... အစစ အရာရာ လိုက်ပြောနေရတယ် "

သူ့ဘယ်သူက ပြောခိုင်းတာကျလို့ ....

တစ်ခါတစ်လေတွေးမိတယ်...
ခရီးထွက်တာ Dae Hyung မဟုတ်ဘဲ
Xing Hyung သာဆို သိပ်ကောင်းမည်လို့။

Dae Hyung မရှိတဲ့ နေ့က စပြီး
Xing Hyung က သူ့ကို အရင်ကထက်နှစ်ဆလောက်ပိုတိုးပြီး
မျက်စိဒေါက်ထောက်ကြည့်လာ၏။
ပြီးတော့ အရင်ကထက်နှစ်ဆလောက်ပိုပြီးလည်း ဆူလေသည်။

အဆူခံလိုက်ရလို့ မကျေနပ်သည့်စိတ်က နှုတ်ခမ်းကို ရှေ့ကို အလိုအလျောက်ထော်ထွက်လာစေ၏..။
စားလက်စ ပေါင်မုန့်မီးကင်ကိုလည်း
ဆက်မစားဖြစ်တော့....

"တော်ပြီလား?...အဲ့နှုတ်ခမ်းကို ဆူမနေဘဲနဲ့ တစ်ခါတည်းဝအောင်စား
ပြီးတော့မှ ဗိုက်အောင့်တာတွေ ဘာတွေ မကြားချင်ဘူး...."

သေသင့်သည်။ Wu Kyungsoo တို့ ရေမရှိတဲ့ချောင်းမှာ နှာခေါင်းဖော်ပြီးသေသင့်ပါသည်။
သူ့ရှေ့မှာရှိနေတာ သာမညလူမဟုတ်ဘဲ Wu Yixing ဆိုတာကို မေ့သွားရတယ်လို့...။
သူစိတ်ဆိုးတိုင်း ဘယ်တုန်းက ချော့ဖူးတာကျလို့..။

"ကဲပါ Xing ရယ်... မင်းဒီနေ့ Shooting ရှိတယ်မလား..ဘာထိုင်လုပ်နေတာလဲ
သွားစရာရှိတာ သွားတော့
မဟုတ်ရင် အဲ့ကလေးက မင်းလုပ်တာနဲ့ ဗိုက်ဟောင်းလောင်းနဲ့ ကျောင်းသွားရလိမ့်မယ် "

O.U.R.SWhere stories live. Discover now