Nine

2.7K 330 49
                                    

လက်တစ်ဖက်မှာ နွေးထွေးတဲ့ အထိအတွေ့တစ်ခုကို ခံစားရင်းနဲ့ Kyungsoo မျက်လုံး တွေ တဖြည်းဖြည်းဖွင့်ကြည့်မိသည်။
သူ့လက်ကို ကိုင်ထားတာ ဘယ်သူလဲ ကြည့်လိုက်တော့ Xing Hyung!

Kyungsoo မျက်လုံးတွေ ပွင့်လာတာ မြင်သည်နှင့်တစ်ပြိုင်နက် ထိုင်နေရာကနေ ထရပ်လိုက်ပြီး
မေးခွန်းတွေ တရစက်မေးလေတော့သည်။

"ငယ်လေး!  သတိရလာပြီလား
ဘယ်လိုနေလဲ
သက်သာရဲ့လား
ဘယ်နားက နာနေသေးလဲ
နေဦးနော်...Hyung ဆရာဝန်လှမ်းခေါ်လိုက်ဦးမယ်... "

ပြောပြောဆိုဆိုဖြင့်ပင် လူနာကုတင် ခေါင်းရင်းက Bell ကို ဖိတီးလိုက်လေတော့ သိပ်မကြာခင် အချိန်အတွင်းမှာပဲ ဆရာဝန်တစ်ယောက်ဆရာက်ချလာလေ၏။

စမ်းသပ်စရာ ရှိတာ စမ်းသပ်ပြီးတော့မှ
စိတ်ချရပြီဖြစ်ကြောင်းပြောပြီး ထွက်သွားလေတော့သည်။

ထိုဆရာဝန် ထွက်သွားသည်နှင့် တစ်ပြိုင်နက် အခန်းထဲသို့ ဝင်လာသည်က Dae Hyung...

"အိုက်ဂူး...အငယ်ဆုံးလေး
သတိရလာပြီလား
Xing Hyung က ငယ်လေးကို ဘယ်လောက်စိုးရိမ်သွားတယ်မှတ်လဲ
ဟင်! ဘယ်လိုဖြစ်လို့ နေရင်းထိုင်ရင်း ရေကူးကန်ထဲ ပြုတ်ကျရတာတုန်း "

Kyungsoo လှဲနေတဲ့ ကုတင်ပေါ်ကို ကိုယ်တစ်ခြမ်းစောင်းထိုင်ရင်း
Kyungsoo ရဲ့ နဖူးပေါ်က ဆံပင်တွေကို ခပ်ဖွဖွ ပွတ်သပ်ပေးရင်း Dae Hyung က ဆိုလာလေတော့ ကိုယ့်ကို ချစ်မှန်းသိသိရက်နဲ့ပင်ရစ်စရာမရှိ ရှာကြံရစ်ချင်လာ၏။

"ဘာလဲ.... Xing Hyung က တအားစိတ်ပူနေတယ်ဆိုတော့ Hyung ကတော့ ကျွန်တော့်ကို စိတ်မပူဘူးပေါ့ အဲ့လိုလား! "

Kyungsoo ရဲ့ စကားကို ကြားတော့ Xing Hyung က ပြုံးသယောင်ပြုလာလေ၏။
Dae Hyung က တော့ သူ့အကျင့်တွေကို နောကျေနေသည့် ပုံစံဖြင့် ခေါင်းတစ်ချက်ရမ်းရင်း ဟက်ဟက်ပက်ပက်ပင် ရယ်လေသည်။

"အမလေး ကိုယ်တော်လေးရယ်
Hyung က ခင်ဗျားလေးကို စိတ်မပူရင် ဘယ်သူ့ကို စိတ်မပူရမတုန်း...
ဆေးရုံကို စစရောက်လာချင်းတုန်းကဆို ဘယ်လောက်တောင် လန့်သွားတယ်မှတ်တုန်း
ဟင်!  အဆိုးအဆာလေး"

နဖူးကို ဖောက်ခနဲ မြည်အောင် တောက်ရင်း ပြောလာလေတော့
မနာတဲ့ နဖူးကို ပွတ်ရင်း
နှုတ်ခမ်းဆူကာ Xing Hyung ကို တိုင်မိတော့သည်။

O.U.R.SWhere stories live. Discover now