3⃣

6.5K 573 32
                                    

"​​ကောင်းပြီ​လေ သူ​ဌေးအိုမျက်​နှာ​ကြောင့်​ ဒီ
တစ်​ခါခွင့်​လွှတ်​လိုက်​မယ်​..."

"ဟုတ်​ကဲ့ ​ကျေးဇူးတင်​ပါတယ်​ ​ကျောင်းအုပ်​ကြီး
သားကို ကျ​တော်​​သေချာဆုံးမလိုက်​ပါမယ်​.."

ခါးကျိုးမတက်​ ​တောင်းပန်​​နေ​သော အ​ဖေကို
ကြည့်​ပြီး ဆယ်​ဟွန်း အနည်းငယ်​​တော့ စိတ်​မ
ကောင်းမိ.....

"တကယ်​ဆို ​ကျောင်းသား ဂျွန်​​ယောင်းက ဒီတစ်​​ခေါက်​​ကျောင်း​ပေါင်းစုံ ထူးချွန်​စာ​မေးပွဲ
မှာပါမဲ့လူပါ ခုလိုလက်​ကျိုးသွား​တော့ အ​တော်​​တော့ စိတ်​တိုမိပါတယ်​..."

"ဟုတ်​ကဲ့ပါ ကျ​တော်​ တကယ်​ကို​တောင်းပန်​ပါတယ်​ ဂျွန်​​ယောင်း​လေးကိုလည်း သွားပြီး
သေချာ​တောင်းပန်​လိုက်​ပါမယ်​..."

"ဟုတ်​ပါပြီ ဒီမှာ​တော့ ဝန်​ခံကတိ​လေးထိုး​ပေးသွားပါ..."

ဖေ​ဖေနဲ့ဆယ်​ဟွန်း လက်​မှတ်​ထိုး​ပေးကာ အိမ်​ပြန်​လာကြသည်​....

"မင်း လုပ်​ရပ်​​ကောင်း​သေးလား??ဟမ်​!!"

စကား​ပြောသံအဆုံး လည်​ထွက်​သွား​သော​ခေါင်း နပန်းအုပ်​ခံလိုက်​ရတာပါ....

"ဟာ..သူက သားမ​ကောင်း​ကြောင်း​ပြောတာကို"

"အာ့ဆိုလည်း.စကားနဲ့ပဲ အနိုင်​​ပြော​လေ ဘာလို့လက်​ပါရတာလဲ??!!"

"သူလိုလူမျိုးက လက်​ပါမှ မှတ်​တာ.."

"အိုဆယ်​ဟွန်း!!!"

ဖေ​ဖေ​အော်​လိုက်​မှ ဆယ်​ဟွန်းအသံတိတ်​ကာ
ခပ်​​ချေ​ချေ လက်​ပိုက်​​ထိုင်​နေလိုက်​သည်​...

"ဂျွန်​​ယောင်း​လေးကိုသွား​တောင်းပန်​လိုက်​!!"

အာ့​တော့ ဆယ်​ဟွန်း ပြာပြာသလဲ...

"လုံးဝ မ​တောင်းပန်​နိုင်​ပါဘူး.."

"မင်း​ကြောင့်​ ဟိုမှာလက်​​တောင်​ကျိုးသွားတာ
သူရဲ့ ပညာအခွင့်​​ရေး​တွေလည်း ဆုံးရှူံးသွားခဲ့တယ်​ အာ့​တာကို မင်းက မ​တောင်းပန်​ဘူးဟုတ်​လား??"

~~ lOsEr ~~ [Completed]Where stories live. Discover now