2⃣2⃣

4.2K 463 27
                                    

"အလုပ်​ကမပြီး​သေးဘူးလားဗျာ~"

"ပြီး​တော့မှာပဲ ခဏပဲထပ်​​စောင့်​​နော်
အချစ်​ရဲ့"

ဆယ်​ဟွန်း သူ့ရုံးခန်းကဆိုဖာ​ပေါ်မှာ
ပျင်းလွန်းလို့တွန့်​လိမ်​​နေပြီ...

ဝန်​ထမ်း​တွေကလည်းတစ်​​ယောက်​ဝင်​လာလိုက်​ထွက်​သွားလိုက်​နဲ့ ရှုပ်​​နေတာပဲ...

ဆိုဖာ​ပေါ်ပျင်းတိပျင်းရွဲထိုင်​​ပြီး ဘာရယ်​မဟုတ်
သူ့အလုပ်​စားပွဲဘက်​ကြည့်​လိုက်​မိသည်​..

ပတ်​ချန်း​ယောလ်​ အလုပ်​လုပ်​​နေတဲ့ပုံစံက
လုံးဝကြည့်​​ကောင်းလိုက်​တာ...

ပြီး​တော့​လေ ပတ်​ချန်း​ယောလ်​ကြီးကရီလိုက်​ရင်
ပါးချိုင့်​​လေးကပါ​သေးတယ်​..

လုံးဝမနာလိုစရာကြီး..

မျက်​လုံး​လေး​တွေကလည်းဝိုင်းစက်​ပြီး
အမြဲကြည်​​တောက်​​နေတာပဲ..

နှုတ်​ခမ်းထူထူ​တွေကလည်း မြင်​သူ
စွဲမက်​​စေတာပဲ..

ဟွန့်​! ကြည့်​​လေ ကြည့်​​လေ

ဆယ်ဟွန်းထက်​​ချော​လေပဲ မုန်းစရာကြီး..

"ဘာ​တွေဆူပုတ်​​နေလဲ ?"

အ​တွေး​တွေလွန်​​နေတာများ သူအနား
ရောက်​လာတာ​တောင်​မသိလိုက်​ဘူး

"ဘာ ဘာမှမဟုတ်​ပါဘူး ခင်​များ
မပြီး​သေးဘူးလား? ကျ​တော်​စိတ်​ရှည်
လာပြီ​နော်​!"

"အခုပြီးပြီ​လေ ထ! ​နေ့လယ်​စာစားပြီး
သွားချင်​တဲ့​နေရာမှန်​သမျှလိုက်​ပို့​ပေးမယ်​"

"လိုချင်​တာလည်းဝယ်​​ပေးရမှာ​လေ!"

"ဟ ဟ ဟုတ်​ပါပြီ "

"ခင်​များ​နော်​ စကားအမျိုးမျူ.ိးမ​ပြောနဲ့"

"အားဂူးး ဟုတ်​ကဲ့ဗျာ~"

ဆယ်​ဟွန်း​အ​နွေးထည်​ဝတ်​ လွယ်​အိတ်​ယူပြီး

"သွားကြမယ်​!"

"အို​ကေ~"

ချန်း​ယောလ်​သူ့လက်​က​လေးကိုဆုပ်​ကိုင်
ကာ ရုံးခန်းထဲကထွက်​မယ်​လုပ်​​နေတုန်း

~~ lOsEr ~~ [Completed]Where stories live. Discover now