8⃣

5.7K 554 43
                                    

"​ပျော်​ရဲ့လား??ဂျွန်​​ယောင်းကို​ထောက်​ဖြုတ်​လိုက်​ရတာ"

ကား​ပေါ်တွင်​ ချန်း​ယောလ်​စကား​ကြောင့်​ ဆယ်​ဟွန်း ​ခေါင်းငြိမ့်​ပြလိုက်​သည်

"အားဂူးးးဂျွန်​​ယောင်းကိုအာ့​လောက်​မုန်းလား?"

"အာ့ထက်​​တောင်​မုန်း​သေးတယ်​"

ချန်း​ယောလ်​ရီပြီး ဘာမှဆက်​မ​ပြောပဲ ကားကိုသာဂရုစိုက်​​မောင်း​နေလိုက်​တယ်

အိမ်​​ရောက်​​တော့ ဆယ်​ဟွန်းတစ်​​ယောက်​ ​ရေမိုးချိုးပြီး အိပ်​ယာ​ပေါ်တန်းတက်​သွားသည်

ချန်း​ယောလ်​ကမူ တာဝန်​မပြီး​သေး စာကြည့်​ခန်းဘက်​သွားကာ.ဂျွန်​​ယောင်းဆီဖုန်းဆက်​လိုက်​သည်

"ကျစ်​!!မကိုင်​ဘူး"

ချန်း​ယောလ်​ အားနာတယ်​ ဂျွန်​​ယောင်း​ပေါ်ခုလိုဆက်​ဆံတယ်​ဆိုတာလဲ သူ​ဖေ​ဖေမျက်​နှာ​ကြောင့်

အန်​ကယ်​ကင်​က ချန်း​ယောလ်​ကိုငယ်​ငယ်​ကတည်းက ​ဘေးက​နေကူညီ​ပေးတဲ့သူပါ

မကိုင်​တာမို့ ဖုန်းပိတ်​ကာ အခန်းဆီပြန်​လာ​တော့ အခန်းထဲဝုန်းခနဲ အသံကြားလိုက်​သည်

ချန်း​ယောလ်​အစိုးရိမ်​လွန်​ကာ.​ပြေးကြည့်​​​တော့
ကြမ်းပြင်​​ပေါ်တွင်​ ယက်​ကန်​​လေး​မှောက်​​နေတဲ့
ဆယ်​ဟွန်း

"အချစ်​!!!ဟာ ဘယ်​လိုဖြစ်​ရတာတုန်း??"

ချန်း​ယောလ်​ထူ​ပေးရင်း​မေး​တော့ ဆယ်​ဟွန်းမျက်​နှာ​လေးက ရှုံမဲ့​နေသည်

ကြည့်​ရတာ ချန်း​ယောလ်​ ဖုန်းဆက်​တာကိုခိုးနား​ထောင်​ပုံပင်

အာ့​ကြောင့်​ ချန်း​ယောလ်​လည်းစာကြည့်​ခန်းထဲကထွက်​​ရော သူ​ပြေးပြီးဝင်​ပုံရတယ်

ချော်​လဲတာဖြစ်​မယ်​..

"အားးးး နာတယ်​"

ကြည့်​လိုက်​​တော့ ​ခြေဖမိုးကချက်​ချင်း ​ယောင်​လာတယ်​ အ​ကြောတင်​သွားတာ​နေမယ်

"ဟာ ​ယောင်​လာပြီ လာ ​ဆေးခန်းသွားရ​အောင်

"ဟင့်​အင်း မသွားချင်​ဘူး"

~~ lOsEr ~~ [Completed]Where stories live. Discover now