9⃣

5.7K 523 34
                                    

"ဘယ်​လို ကင်ဂျွန်​​ယောင်း မဟုတ်​ဘူး​ပေါ့"

"ဟုတ်​ပါတယ်​ cctvထဲမှာ​တော့ ​ကျောင်းသားဆိုးနာမည်​ထွက်​​နေတဲ့ ခရစ်​ပါ"

ရဲမှူး​ပြော​နေတဲ့စကား​တွေ ချန်း​ယောလ်​မယုံချင်​အချစ်​မှာ ရန်​သူအာ့​လောက်​​ပေါလား??

"ကျ​တော့တို့ ဘယ်​လိုဆက်​လုပ်​​ပေးရမလဲ ပြီး​တော့ခရစ်​ရဲ့မိဘ​တွေကလည်း ဒီကနဲ့​တွေ့ပြီး​တောင်းပန်​ချင်​လို့တဲ့"

"အင်း ကျ​တော်​စဉ်းစားအုံးမယ်​ ခု​တော့ပြန်​လိုက်​​တော့မယ်​"

"ဟုတ်​ကဲ့"

ချန်း​ယောလ်​အ​တွေးများနဲ့အိမ်​ပြန်​လာခဲ့သည်

အိမ်​​ရောက်​​တော့ အခန်းထဲတန်းဝင်​ခဲ့တယ်​ ဆယ်​ဟွန်းက​တော့အိပ်​​မောကျ​နေတာ

"အင်း အဖျား​ရောကျရဲ့လားမသိဘူး"

အ​ပေါ်ကုတ်​ချွတ်​ကာ ခုံ​ပေါ်တင်​ပြီး ဆယ်​ဟွန်းနဖူးကိုစမ်းကြည့်​လိုက်​သည်

"​တော်​ပါ​သေးတယ်​ အဖျားကျသွားလို့"

"ခင်​များပြန်​​ရောက်​ပြီလား??"

ပြော​နေတုန်း ဆယ်​ဟွန်းနိုးလာတယ်

"အင်း ခု​လေးတင်​ အချစ်​ဘာစားမလဲ ​မောင်​ဘာလုပ်​​ပေးရမလဲ?"

ဆယ်​ဟွန်းချက်​ချင်းထထိုင်​ကာ~~

"တရားခံကဘယ်​သူလဲ?"

ချန်း​ယောလ်​သက်​ပြင်း​ငွေ့​ငွေ့ချလိုက်​ပြီး ဆယ်​ဟွန်း​ခေါင်းကိုပွတ်​သပ်​လိုက်​သည်

"ကျ​တော်​​မေး​နေတယ်​​လေ"

"​မောင့်​အချစ်​က ​ကျောင်းမှာရန်​သူများတာပဲ"

"ဘယ်​လို?"

"ခရစ်​တဲ့ တရားခံက cctvထဲမှာလည်းသူပဲ ​မောင်​ကိုယ်​တိုင်​ကြည့်​ခဲ့တာ"

"ခရစ်​~~~"

ဆယ်​ဟွန်းသံ​ယောင်​လိုက်​ကာ အရပ်​ရှည်​ရှည်​နဲ့ထိုလူမျက်​နှာကိုမြင်​​ယောင်​မိသည်

ခရစ်​ကို ​ပေါ့​သေး​သေးသ​ဘောထားခဲ့မိတာ ​နောင်​တရမိတာပဲ

~~ lOsEr ~~ [Completed]Where stories live. Discover now