2⃣8⃣

5.2K 507 48
                                    

"​​ယောင်း​လေး ကိုယ်​နဲ့ခဏ
စကား​ပြောမယ်​!"

အခန်းထဲထိလာ​ခေါ်တဲ့ခရစ်​ဝူ

"ဘာလို့အတန်းထဲထိလာတာလဲ အကုန်
ကြည့်​ကုန်​ပြီ တကယ်​ပဲ!"

အလိုမကျဟန်​​ပြော​နေ​​တော့တယ်​ အခုချိန်
ခရစ်​စိတ်​ခုဖို့မအား​သေးဘူး...

"​ကျောင်း​ဆောင်​​နောက်​ လာခဲ့​နော်​"

ပြောပြီးအရင်​သာထွက်​လာခဲ့လိုက်​သည်
အခုဆို​ကျောင်းကလူ​တွေက ဆယ်​ဟွန်းကို​ရော
ခရစ်​ကိုပါ​ပြောကြတာရစရာကိုမရှိဘူး...

အဲ့ဒါ​ကြောင့်​လဲခရစ်​​ကျောင်းပင်​မတက်
ဒီ​နေ့​တောင်​ ဂျွန်​​ယောင်း​တွေ့ချင်​လို့...

"ဘာလဲ!"

ခပ်​ဆတ်​ဆတ်​ထူးသံနဲ့ဂျွန်​​ယောင်း
ရောက်​ချလာသည်​...

"ကိုယ်​ဒုက္ခ​ရောက်​​နေပြီ အဲ့ဒါ​ယောင်း​လေး
ကူညီမှဖြစ်​မယ်​"

ဂျွန်​​ယောင်းကနားမလည်​သလိုပုံစံနဲ့
ကြည့်​လာ၏...

"အခု အိုဆယ်​ဟွန်းအ​ဖေက ကိုယ်​တို့ကို
အထင်​လွဲပြီးလက်​ထက်​ဖို့​ပြော​နေပြီ"

"ဟုတ်​လား??"

"အဲ့​နေ့ကအဖြစ်​ပျက်​ကို​ယောင်း​လေးသိတာပဲ
ရှင်းပြ​ပေးပါ့လား? ပြီး​တော့ ဟန်​​ဆောင်​ချစ်​သူ
တွေအဖြစ်​ခိုင်းခဲ့တာ​တွေ​ရော~"

ဟက်​~ အတုံးလိုက်​ကြီးပဲ..

ရူး​နေလို့ငါကရှင်းပြရမှာလား?
ဒီလိုဖြစ်​​အောင်​​တောင်​တမင်​လုပ်​ထားတာကို

"ဟန်​​ဆောင်​တွဲခဲ့ကြတာကို ရှင်းပြဆိုရှင်းပြ
လို့ရပါတယ်​ ဒါမဲ့ ဟိုတယ်​အခန်းထဲက
အဖြစ်​ပျက်​ကျ သိပ်​မလွယ်​သလိုပဲ"

"ဘာလို့လဲ?"

"ခရစ်​တို့ဘာဖြစ်​ခဲ့ကြတယ်​ဆိုတာ
ကျ​တော်​မှမသိတာ"

"​ယောင်း​လေး! ကိုယ်​မင်းဆီကို
ဖုန်းဆက်​ခဲ့တယ်​​လေ!"

"အဲ့ဒါအ​စောပိုင်း​လေ တညလုံးက
ကျ​တော်​မှမသိခဲ့တာ ပြီး​တော့မျက်​မြင်​ကိုယ်​​တွေ့လည်းမဟုတ်​ ဟက်​~"

~~ lOsEr ~~ [Completed]Where stories live. Discover now