Intro

2.7K 204 27
                                    

မိုးလင်းလို့ရောင်နီသန်းတာနဲ့..
နှိုးစက်အကူအညီဘာမှမလိုပဲ...
တာဝန်ဆိုတဲ့ အသိကြောင့် ငေါက်ကနဲထရတဲ့..
နိုင်ငံတာဝန်ထမ်းဆောင်နေရတဲ့ စစ်သားတစ်ယောက်ရဲ့ဘဝ

သူ့ရဲ့နံနက်ခင်းဟာ စစ်ရေးလေ့ကျင့်နေတဲ့အသံတွေနဲ့ စတင်ပာတယ်။

"ဘယ် ညာ ဘယ် ညာ"

အားမာန်အပြည့်နဲ့ ဘယ်ညာအော်ကာ စီစီရီရီတန်းစီပြေးလွှားနေတဲ့ တပ်သားတွေနဲ့ တပ်တစ်ခုလုံးဟာ တိတ်ဆိတ်မနေပါဘူး။ ဒါဟာလုပ်နေကျ ဖြစ်နေကျ မနက်ခင်းရဲ့ပုံစံပါပဲ။

ဟော...တပ်သားတွေရဲ့အရှေ့ဆုံးမှာတော့ အရပ်ရှည်ရှည် သန်မာထွားကျိုင်းတဲ့ခန္ဓာကိုယ်နဲ့ လူတစ်ယောက် ဦးဆောင်ပြီးပြေးလွှားနေတယ်။

သေချာတာပေါ့ သူကဒီလေတပ်ရဲ့ခေါင်းဆောင်ပါပဲ။

ပြောရမယ်ဆိုရင် လေတပ်ဗိုလ်ချုပ်
Air chief marshal Park Chan Yeolပါပဲ။

သူဟာဒီလိုပဲသူ့ရဲ့လေတပ်သားတွေကို ဦးဆောင်ပြီး မနက်တိုင်းလေ့ကျင့်ခန်းတွေ လုပ်နေကျပေါ့။

ဒါပြီးရင်လည်း တစ်နေ့လုံးစစ်တိုက်ဖို့လေ့ကျင့်ရတယ်။

လေ့ကျင့်ရတာတော့ အစုံပါပဲ။
လက်နက်မပါဘဲတစ်ယောက်ချင်းတိုက်တာ
လုံးထွေးသတ်ပုတ်တာတွေ၊ သေနတ်ပစ်လေ့ကျင့်ရတာတွေအပြင်

တိုက်လေယာဉ်မောင်းတာတွေ ဝေဟင်ပေါ်မှာပျံသန်းပြီး ရန်သူတွေကိုချေမှုန်းဖို့အတွက်ပြင်ဆင်ရတာတွေ အများကြီးမှ အများကြီးပာပဲ။

ဒါဟာPark Chanyeol ခံယူထားတဲ့အဓိပ္ပါယ်ရှိတဲ့ဘဝ။ နိုင်ငံ့အတွက်အကျိုးပြုနေရတဲ့ သူနှစ်ခြိုက်တဲ့ ဘဝရဲ့အကြောင်းအနည်းငယ်ပေါ့....

                  ✈✈✈✈✈✈✈✈✈✈

တပ်ထဲမဟုတ်တဲ့အပြင်မှာလည်း ဘဝအတွက်ကြိုးစားလှုပ်ရှားနေတဲ့သူတွေ အများကြီးရှိပါတယ်။ ရည်မှန်းချက်ကြီးကြီးမားမားနဲ့ တကယ်ကိုလှုပ်ရှားရုန်းကန်နေသူတွေ။

အဲ့သည်လိုလူတွေထဲမှာ Wu Yi Fanလည်းတစ်ယောက်အပါအဝင်ပါပဲ။

Wu Yi Fan ဒါမှမဟုတ်Krisဆိုတာ ငွေကိုရေလို လေလိုဖောဖောသီသီသုံးနိုင်တယ် လွယ်လွယ်ပြောရရင် သူဌေးသားပေါ့။

ဒါပေမဲ့သူကအလုပ်မလုပ်ဘဲ ဘောကြော့နေတဲ့
သူဌေးသားမဟုတ်ဘူး။ အရမ်းကိုအလုပ်ကြိုးစားလွန်းပြီး ရှိတဲ့စည်းစိမ်ကိုပွားသထက်ပွားအောင် အလုပ်ကြိုးစားလွန်းတဲ့သူဌေးသား။

ဒါဆိုသူ့ရဲ့တစ်နေ့တာကရော

သေချာပေါက်very busyပဲ။

သူ့ရဲ့မနက်ခင်းက companyကိုရောက်...ဝန်ထမ်းတွေကိုစစ်ဆေး၊ အဲ့ဒီကနေစလိုက်တာ တစ်နေ့လုံး အစည်းအဝေးတွေတက် projectတွေလုပ်နဲ့ ညနေရောက်သွား အလုပ်ဆင်းဒါနဲ့ပြီးသွားရော။

ဒါဟာလည်း ဘေးကလူကြည့်ရင်စိတ်ညစ်စရာကောင်း စိတ်ညစ်နိုင်ပေမဲ့ Krisအတွက်ကတော့ သူဖန်တီးတဲ့ သူ့ရဲ့နေပျော်စရာဘဝပါပဲ။

                       💼💼💼💼💼💼

Author's Note

Hello!!! ယောရော်ဘွန်း
SKY come backပါ။
New ficလေးနဲ့အတူ ပြန်လာပါပြီ😊😊
အမြန်ကြီးပြန်လာလို့လည်း စိတ်မဆိုးကြပါနဲ့😂😂

ဒီficလေးကိုလည်း အားပေးကြပါ😘😘
သေချာလေးကြိုးစားရေးပါ့မယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။😍😍

20.2.2018

lucKYWhere stories live. Discover now