Chapter 9

1.2K 208 34
                                    

ဆေးရုံလူနာခန်းထဲမှာ Yi Fanကတော့ငူငူကြီး
ထိုင်နေဆဲ။ Yixing hyungက ဘာတွေဖြစ်ခဲ့ပြီး Yi Fanကဒီလိုဖြစ်နေလဲ Chanyeolကရော မရှိတော့တာလဲ......သူတစ်ခုမှမသိ။ နောက်ဆုံးတော့ အရှေ့ကလူနာကိုသာမေးလိုက်တော့တယ်။

"Yi Fanဘာတွေဖြစ်ကြတာလဲ"

Chanyeolကအရမ်းစိတ်ပူနေတဲ့ပုံမို့ Yi Fanအတွက်ဝမ်းသာနေခါရှိသေး အခုဘာထဖြစ်ကြသည်မသိ။

"ကျွန်တော် Chanyeolကိုရည်းစားစကားသွား
ပြောလိုက်လို့"

"ဘယ်လို"

"ဖွင့်ပြောလိုက်တယ် သူ့ကိုချစ်နေတဲ့အကြောင်း...."

တစ်လုံးချင်းသေချာတိကျစွာ ပြောနေတဲ့Yi Fanရဲ့မျက်လုံးများက တလက်လက်တောက်လို့နေသည်။

"အဲ့ဒါနဲ့ဘာမှမပြောဘဲ ထပြန်သွားတော့တာပဲ"

အမှန်တိုင်းပြောရရင် Yi Fanအတွက်တော့စိုးရိမ်မိသည်။ Park Chanyeolဝေဒနာစွဲကပ်နေသည်မှာ အမူအယာပျက်လောက်တဲ့အထိ မဟုတ်သော်လည်း တကယ့်တကယ့်တမ်းဟိုကရက်စက်ရင် ရူးသွားနိုင်လောက်သည်ဆိုတာ Yixingအသိဆုံး။

"ဘာဆက်လုပ်မှာလဲ"

"ဆေးရုံကမြန်မြန်ဆင်းနိုင်အောင် လုပ်ရမှာပဲ"

"မင်းကွာဗြုန်းစားကြီး အချိန်လေးဘာလေးယူတာမဟုတ်ဘူး"

"ကျွန်တော်သတိမေ့နေတုန်းက အိမ်မက်မက်တယ်။ ကျွန်တော်သေသွားတာတဲ့။Chanyeolကိုထားခဲ့ပြီး ထွက်သွားရတာ။
ပြန်သတိရလာတဲ့အချိန် သူ့ကိုမြင်တော့ ကျွန်တော်ဘာမှ မစဉ်းစားနိုင်ဘဲ"

မျက်မှောင်ကြုတ်ပြီးညည်းတွားနေသော Yi Fanသည် ရှေ့လျှောက်ဘာဆက်လုပ်ရမည်ဆိုတာရော သိပါလေစ။

"ဗိုလ်ကြီးလက်ခံအောင် ချစ်စကားဘယ်လိုပြောရမလဲဟင်.....သေနတ်နဲ့ခြိမ်းခြောက်ပြီး ပြောရမလား"

မျက်နှာကတော့အပြုံးတွေနဲ့ ရယ်စရာလုပ်ပြောနေတဲ့Yi Fan...Park Chanyeolကြောင့်လည်း ဒီလိုပြုံးနိုင်ပါစေ။







.........................................................................



ဘုန်း ဘုန်း ဘုန်း

အရှေ့မှသဲအိတ်ကို လက်သီးဖြင့်အချက်ပေါင်း
များစွာပစ်သွင်းရင်း ကိုယ့်စိတ်ကိုလျှော့ချနေသည်။ မရ....ဒီလောက်မောပန်းနေတာတောင် Yi Fanမျက်နှာက ခေါင်းထဲပေါ်လာသေးသည်။

lucKYWhere stories live. Discover now