ဆောင်းလေအေးအေးက ခန္ဓာကိုယ်တခုလုံးကို တုန်တက်သွားတဲ့အထိ စွမ်းဆောင်နိုင်ပေမယ့်
အင်္ကျီအိတ်ထဲမှာ ယှက်သွယ်ထားသောလက်တစုံကတော့ တစ်ကိုယ်လုံးကိုနွေးထွေးမှုဖြန့်ကျက်ကာ အအေးဒဏ်ကိုကောင်းကောင်းအံတု၏။"Yi Fanမင်းဘာတွေစဉ်းစားတာလဲ"
ကျွန်တော်လမ်းတလျှောက်လုံးငြိမ်နေ၍ထင်သည် Chanyeolကစူးစမ်းသလိုမေးလာသည်။
တကယ်တော့ ကျွန်တော်Chanyeolရဲ့အလုပ်အကြောင်းကို စဉ်းစားနေခြင်း....မကုန်ဆုံးနိုင်လှသောနိုင်ငံ့တာဝန်တွေအောက်မှာ နိုင်ငံ့အတွက်အသက်ဝိဥာဉ်အကုန် နှင်းအပ်ထားပါသော ကျွန်တော့်ဆိုင်သူသည်ကား
စိတ်ရောလူရောမအားလပ်နိုင်။
အမြဲလုပ်ရင်လုပ်သလောက် များများလိုက်လာသော စီးပွားရေးလုပ်ငန်းတွေနဲ့ လောဘသားကျွန်တော်သည်လည်း အချိန်မပေးနိုင်။ထိုထိုအကြောင်းတရားများကြောင့်သာလျှင်
ကျွန်တော်တို့နှစ်ယောက်ကြား နှလုံးသားချင်းနီးရက်လူချင်းဝေးကွာရသောအဖြစ်များက ရက်ချီ တခါတရံလချီ၍ ကြာသွားတတ်သည်။"ဘာမှမဟုတ်ပါဘူးကွာ ရှုခင်းတွေကလှလို့ အဲ့ထဲမှာမျောသွားတာပါ"
မဟုတ်လည်းကျွန်တော့်လိုပဲ ခံစားနေရမှာဖြစ်တဲ့Chanyeolကို အလကားနေစိတ်မကောင်းမဖြစ်စေလို....ချစ်မုသားလှလှလေးသုံးလိုက်ရသည်။
လမ်းလျှောက်နေသော ကျွန်တော်တို့နှစ်ယောက်ရှေ့ တိုက်ဆိုင်စွာပဲ လူနှစ်ယောက်ကလာပြီး နှုက်ဆက်တယ်။
"အိုး...ဘယ်သူများလဲလို့ ဗိုလ်ကြီးChanyeolပဲ"
"မင်္ဂလာပါ ဗိုလ်ချုပ်ကြီး မတွေ့ရတာတောင်ကြာပြီဗျာ"
"မတွေ့ဆို မင်းကအလုပ်များတယ်မလား"
"မင်္ဂလာပါနော် Chanyeol shi"
ဗိုလ်ချုပ်ကြီးဆိုသူရဲ့ဘေးက ပါလာသော မိန်းကလေးရဲ့Chanyeolကိုနှုက်ဆက်သံလေး။
"ဆိုယွန်း မင်္ဂလာပါနော် ကျွန်တော်တို့မတွေ့ရတာကြာပြီဗျ"
"ဗိုလ်ချုပ်ကြီးဒါက CEO Wu YiFanပါ ဒီတစ်ခေါက်တပ်ထဲကအိမ်ရာစီမံကိန်းကို CEOတို့ကုမ္ပဏီက တာဝန်ယူထားတာ...YiFanဒီဘက်က
လေတပ်မှာပင်စင်ယူသွားတဲ့ ဗိုလ်ချုပ်ကြီး ဒါကသူ့သမီးဆိုယွန်းတဲ့"
أنت تقرأ
lucKY
أدب الهواةမနက်ခင်းတိုင်း မင်းအပြုံးနဲ့နိုးထရမယ်ဆိုရင် ညနေခင်းတိုင်း မင်းကိုထွေးပွေ့ခွင့်ရမယ်ဆိုရင် ပင်ပန်းတဲ့အချိန် နာဖျားတဲ့အချိန် မင်းသာအနားရှိမယ်ဆိုရင် ပျော်ရွှင်စရာတွေကို မင်းနဲ့အတူ ဝေမျှခွင့်ရမယ်ဆိုရင် ဒါကိုယ့်အတွက် ကံကောင်းတာပါပဲ။