တိတ်ဆိတ်နေသောရုံးခန်းတစ်ခု
စစ်ယူနီဖောင်း အပြည့်ဝတ်ထားသော အကြီးအကဲတစ်ယောက်ရှေ့မှာတော့
ငြိမ်သက်သေသပ်စွာရပ်နေတဲ့ လူရွယ်နှစ်ယောက်..."သတင်းပို့ပါတယ် ဗိုလ်ကြီး"
"ကျွန်တော်Park Chanyeolနဲ့ Kim Kai နှစ်ယောက်လုံး ပေးထားတဲ့တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ခဲ့ပါတယ်"
"ရပါပြီ မင်းတို့သွားလို့ရပြီ"
"ဟုတ်ကဲ့"
ထို့နောက် ထုံးစံအတိုင်း သူတို့သည်ဗိုလ်ကြီးကို အလေးပြုပြီးနောက် အပြင်သို့ထွက်လာကြသည်။
ခုနကမျက်နှာတည်ထားသော Chanyeolနဲ့
Kaiနှစ်ယောက်လုံး အပြင်သို့ပြန်ထွက်လာတော့ နွေဦးရာသီလိုပင် မျက်နှာများကပြန်လည်ဝင်းပလာကြသည်။"အခုမှပဲ ပေါ့ပါးသွားတော့တယ်"
မြေပေါ်ကကျောက်ခဲတို့ကို ကန်ကျောက်ဆော့ကစားရင်းမှ ပြောသောKaiရဲ့စကားကို Chanyeolက"နားရက်နှစ်ရက်တောင်ရတာ မင်းကဘာလုပ်မှာလဲ"
"ငါလား အိမ်ပဲပြန်မယ်လေ အေးအေးဆေးဆေးနားလိုက်ဦးမယ် Chanyeolမင်းရော"
၃ပတ်အကြာတာဝန်တစ်ခုအပြီးမှာတော့ သူတို့နှစ်ယောက်လုံးအရမ်းပင်ပန်းနေကြသည်။
စစ်တိုက်ရာတွင် မပါဝင်ရသော်လည်း
၃ပတ်လုံးလေယာဉ်နဲ့ ကူးချည်သန်းချည်လုပ်ကာ စစ်စခန်းအတွက်ရိက္ခာများပို့ပေးရ၊ ဒဏ်ရာရစစ်သည်များ ခေါ်သွားပေးရနဲ့ နားရသည်ကိုမရှိ။အနားရသည့်ရက်ကလည်း ၂ရက်တည်းဆိုတော့ Chanyeolသည်လည်းပဲ အိမ်မှာပဲအနားယူဖြစ်ဖို့များသည်။
"ငါလည်းအိမ်မှာပဲရှိမှာပါ ဒါဆိုငာတို့ဒီည သွားသောက်ကြရအောင်"
"ကောင်းသား ဒီညတော့သုံးထပ်သားကင်နဲ့ဆိုဂျူအပြတ်ကိုဆွဲပစ်မယ်"
သေချာပါသည် သူရော Kaiရောဒီညတော့ခေါင်းမထောင်နိုင်အောင် သောက်ကြတော့မည်ဆိုတာ.......
❇ ❇ ❇ ❇ ❇
နားရက်၂ရက်ရသည့်အနက်မှ ပထမရက်မှာတော့ တစ်မနက်လုံးသူအိမ်မှာပဲရှိနေသည်။
YOU ARE READING
lucKY
Fanfictionမနက်ခင်းတိုင်း မင်းအပြုံးနဲ့နိုးထရမယ်ဆိုရင် ညနေခင်းတိုင်း မင်းကိုထွေးပွေ့ခွင့်ရမယ်ဆိုရင် ပင်ပန်းတဲ့အချိန် နာဖျားတဲ့အချိန် မင်းသာအနားရှိမယ်ဆိုရင် ပျော်ရွှင်စရာတွေကို မင်းနဲ့အတူ ဝေမျှခွင့်ရမယ်ဆိုရင် ဒါကိုယ့်အတွက် ကံကောင်းတာပါပဲ။