မကြာမီကာလအတွင်းမှာပဲ အိမ်ရာစီမံကိန်းက စတင်အသက်ဝင်လာတော့တယ်။ ကျွန်တော်က
ခဏခဏသွားစစ်စရာတော့ မလိုပါဘူး။ လက်အောက်ကလူတွေက အလုပ်ကိုတိတိကျကျ လုပ်တဲ့အတွက် ကျွန်တော်အမြဲသွားစရာတော့မလိုဘူး။သို့ပေမဲ့လည်း ကျွန်တော်အားရင်အားသလို တပ်ထဲကိုလာတယ်။ စီမံကိန်းအခြေနေကိုအမြဲစောင့်ကြည့်တယ်။ လေတပ်နဲ့ပူးပေါင်းတာမလို့ အမှားယွင်းမရှိအောင် သေချာဂရုစိုက်လုပ်တာရယ်လို့ ဒိပြင်သူတွေက ထင်ကြတယ်။ အမှန်က
လုပ်ငန်းထက် အရေးကြီးတဲ့အရာရှိတာကြောင့် ဒီကိုခဏတိုင်း လာနေတာ။ကျွန်တော်လေတပ်ထဲ အရောက်များလွန်းလို့ ဒလက်ပန်ကာသံတဝီဝီနဲ့တွေနဲ့လည်း မစိမ်းတော့။ jet plane,fighter plane,bomber
(ဗုံးကြဲလေယာဉ်)တွေကိုလည်း မြင်ရဖန်များလွန်းပြီး မစိမ်းသက်တော့။တစ်ခါတလေ Chanyeolမောင်းသော two seater planeတွင် ထိုင်စီးဖူးချင်သော စိတ်ဖြစ်မိသည်။ သူ၏ pilotပုံစံကို ကျွန်တော်တစ်ခါမှမမြင်ဖူး။
သို့သော် Chanyeol၏ တိုက်ခိုက်ရေးသမားပုံစံကိုတော့ အခြေနေပေး၍ မြင်တွေ့လိုက်ရပါသည်။
စီမံကိန်းကိုအပြင်ကနေ ကြည့်နေသော ကျွန်တော့်ကို ဗိုလ်ချုပ်Kim Kaiက လာနှုတ်ဆက်သည်။ ရွယ်တူများဖြစ်သဖြင့် Kaiနှင့်ရင်းနှီးလွယ်သည်။
Chanyeolနှင့်အတော်ရင်းနှီးနေကြောင်းကိုလည်း Kaiကသိထားလေသည်။"Chanyeolအတွက် ကျွန်တော့်လိုသူငယ်ချင်းသိပ်မရှိဘူး။ အဲ့ဒါကြောင့် Wu Yi Fanနဲ့လည်းသူငယ်ချင်းဖြစ်နေကြာင်း ကျွန်တော့်ကိုပြောပြတယ်။"
တာဝန်တွေပိနေသောသူ့တွင် သူငယ်ချင်းများမျာစားစားမရှိသည်မှာ မဆန်း။
"လိုက်ခဲ့မလား Chanyeolဆီကို။ တပ်သားတွေကို လေ့ကျင့်ပေးနေတယ်။"
ကျွန်တော်မငြင်းမိပါချေ။
ယိ ! အား ! ရား! စသည့် ညာသံများနဲ့ဆူညံနေသော လေ့ကျင့်ရေးဆောင်သို့ Kaiနဲ့အတူရောက်ရှိလာပါသည်။
တပ်သားအားလုံးအပေါ်စွပ်ကျယ်အဖြူ အောက်က ကွန်မန်ဒိုဘောင်းဘီဖြင့်၊ ကြိုးစားပမ်းစားလေ့ကျင့်နေသည်။ Chanyeolလည်း ထိုနည်းပင်။ ဖြူစွတ်သော အင်္ကျီအဖြူမှာ ချွေးကွက်များနှင့်။
YOU ARE READING
lucKY
Fanfictionမနက်ခင်းတိုင်း မင်းအပြုံးနဲ့နိုးထရမယ်ဆိုရင် ညနေခင်းတိုင်း မင်းကိုထွေးပွေ့ခွင့်ရမယ်ဆိုရင် ပင်ပန်းတဲ့အချိန် နာဖျားတဲ့အချိန် မင်းသာအနားရှိမယ်ဆိုရင် ပျော်ရွှင်စရာတွေကို မင်းနဲ့အတူ ဝေမျှခွင့်ရမယ်ဆိုရင် ဒါကိုယ့်အတွက် ကံကောင်းတာပါပဲ။