EP(19)

4.4K 211 5
                                    

**အတ္တလွန်အချစ်**
**19**

နေရောင်ခြည်နုနုဖြာကျ ကာ လှပနေချိန်တွင်
လှပမှုကို မရှုစားနိုင်အား ဘဲ ချစ်ရသူလေး အား အမြှုပ်ထွက်မတတ်နိုးနေရပါသော ကျတော် Chan

"Baek ကလေး ထကွာ"

"Omm ၅ မိနစ်ဘဲ yeolရယ်နော် ဒီတခါ
တကယ် အတည် ဒီ 5 မိနစ်ပြည့်ရင်
တကယ် ထမယ်
သွားသွား yeol အရင် မျက်နှာသစ် သွားတိုက်ထားလိုက်😁"

မျက်လုံးမဖွင့်ဘဲစကားတွေ ပြောနေသော
ပိစိ ကို အူးယားလာကာ ဆွဲညှစ်မိတော့မည်
သို့သော်လဲ ကလေးနာသွားမည်ဆိုးတာကြောင့်😌
ခေါင်းလေးကို ပုတ်ပြီးသာ ရေချိုးခန်းထဲ
ဝင်လာလိုက်သည်။

"ကိုယ် ပြီးတာနဲ့ ထရမယ်နော်"

တံခါးမပိတ်သေးခင် ခေါင်းလေးထွက်ကာ
လှမ်းခေါ်ပြောတော့ ကုတင် ပေါ်က ပိစိက
လက်မ ထောင်ပြသည်

"အွန်း👍"

တကယ့်ပိစိ ပြီးကျရင် နောက် 5 မိနစ် ထပ်ပြော အုံးမည်။ 7 နာရီတည်းက ၅ မိနစ်လို့
ပြောလာတာ အခု 8 နာရီထိုးသည်အထိပင်!

ကျတော် ကိစ္စတွေ လုပ်ပြီး အပြင်ထွက်လာ
တော့ ကုတင်ပေါ်မှာ ငုတ်တုတ်ထိုင်ကာ
ငိုက်နေ တဲ့ Baek ကလေး!!

အနားကို ဖြည်းဖြည်ချင်းသွားပြီး ငိုက်ကျ နေတဲ့ ခေါင်းလေးကို ထိန်းကာ ရင်ခွင်ထဲ ထည့်ထား လိုက်သည်။

"ဟီး … Yeol😁"

"ကဲ ထ လို့ရပြီမလား ကိုယ့်ကလေး"
မော့ကြည့်လာတဲ့ Baek ရဲ့ နှာခေါင်းလုံးလုံး
လေးကို ဆွဲကာ ပြောလိုက်တော့
မျက်စောင်းတချက် ထိုးကာ
အတင်းရုန်းထွက်သွားသည်။

"ချောလဲ အုန်းမယ်နော်"

တဒုန်းဒုန်းပြေးဝင်တာကြောင့် စိတ်ပူပြီး
လှမ်းအော်လိုက်ရသေးသည်။
တကယ့် ဂျစ်တစ်တစ်နဲ့ အဆိုးလေး!!

"အီးဟီး 😭Yeol…… Baek ချောလဲ သွားပြီ😭"

ရေချိုးခန်းထဲက အသံဗြဲကြီးနဲ့ အော်နေတာ
ကြောင့် ချွတ်လက်စ အကျီင်္ကို အမြန်ပြန
်ကောက်စွပ်ပြီး ပြေးရပြန်သည်။

တွေ့ပါပြီ လက်ကိုအုပ်ကာ တခစ်ခစ်ရယ်နေတဲ့ ကလေးဆိုးလေး

"Yeol အကျီင်္ပြောင်းပြန်ကြီး😆"

အတ္တလွန်အချစ် (Completed)Where stories live. Discover now