EP(18)

4.5K 207 1
                                    

**အတ္တလွန်အချစ်**
…18…

ကျနော်ဘဝအတိတ်ဆိုးများသည် ကျနော့်ကို နေ့စဉ်နေ့တိုင်းခြောက်လန့်လျက်ရှိသည်
ကျနော် အဘွားဟု ယုံကြည်ထင်မှတ်ထားသည့် သူ့က ကျနော့်တိုမိသားစုကို
ဖြိုခွဲမည့်သူဟု မတွေးထင်ထားခဲ့တာပါ…

အဲ့အချိန်တုန်းက ကျနော် ဘက်မှာ
တစ်ယောက်မှ မရှိတော့သလိုမျိုး
ယုံကြည်ချက်တွေ ဆုံးဆုံးမြှုပ်သွားခဲ့တာ
ကလေးကိုလဲ မျက်နှာမပြနိုင်အောင်ဖြစ်ခဲ့ရတာ အတိတ်က ကျနော် ကလေးအပေါ်
လုပ်ခဲ့ တာတွေ စဉ်းစားမိရင်
တကယ် ကိုယ့်ကိုကိုယ် အပြစ်ပေးမိတယ်…

ဒါတွေထားပါလေ…
အခုဆို ကျနော်က Byun Company ရဲ့
မန်နေဂျင်း ဖြစ်နေပြီ…
ယောက္ခမကြီးရဲ့ ယုံကြည်မှုအပြည့်အဝ
ရထား ပြီး မကြာခင်မှာ Byun Company ကို ဆက်ခံရမဲ့သူ ဖြစ်နေပြီ
ဒါ့အပြင်… Korea တစ်ခွင် Park Chanyeol ကို မသိတဲ့သူ မရှိအောင်
ကျော်ကြားသေးသည်လေ…
ဒီလိုဖြစ်လာအောင်လဲ
ကျနော်ကြိုးစားလုပ်ယူ ခဲ့ရတာ

ရှေ့ဆက်လျှောက်ဖို့ မျှော်လင့်ချက်မဲ့
ကျနော့်ဘဝကို ကလေးတစ်ယောက်ကြောင့် ဆက် လျှောက်လှမ်းမိတာ

ကျနော့်ကိုယ်ကိုကိုယ်အတွက်မဟုတ်ရင်တောင် ကျနော့်ချစ်ရတဲ့သူ့အတွက် အသက်ရှင်ချင်
သေးတာမို့
ကိုယ့်ကိုကိုယ်အတွက်မဟုတ်ရင်တောင်
ကျနော့်ချစ်ရသူကို အများတန်းတူထားချင်တာမို့

"yeol အရင်က ကိစ္စတွေ စဉ်းစားနေပြန်ပြီလား … စဉ်းစားလို့ ကောင်းတဲ့ ကိစ္စတွေမှ မဟုတ်ဘဲ yeolရယ် အမြဲဘဲ Baek စကားဆို
နားမထောင်ဘူး  မတွေးပါနဲ့ မစဉ်းစားပါနဲ့လ်ု့ ဒီလောက် အတန်တန်ပြောနေတာကို"

ခြံဝန်းထဲ က ခုံလေးတစ်ခုမှာ ထိုင်နေရင်းက
ချစ်ရသူ အသံကြောင့် နောက်လှည့်ကာ ကြည့် တော့ ခပ်ပွပွ အနွေးထည်တစ်ခုကို ကျနော့်ကို လွှမ်းခြုံပေးနေရင်းက ပွစိပွစိ ပြောနေသော သူ

"ဘာကြည့်နေတာလဲ"

ကျနော့်ကို ဘောက်ဆတ်ဆတ်ပြောပြီး ကျနော့် မျက်နှာချင်းဆိုင်က ခုံလေးမှာဝင်ထိုင်လိုက်တဲ့ ချစ်ရသူကို မမောတမ်းသာ ငေးကြည့်နေမိသည်။ သူဆိုတာ ကျနော့်အတွက် တော့ဘယ်တော့အကြည့်ကြည့်ရိုးသွား မှာမဟုတ်တဲ့ ပန်ချီကားလေး တစ်ချပ်လိုဘဲ

အတ္တလွန်အချစ် (Completed)Onde histórias criam vida. Descubra agora