EP(7)

4.4K 250 2
                                    

**အတ္တလွန်အချစ်**
**7**
သူ့ကျနော့်ကို ပစ်ထားတာ ဒီနေ့နဲ့ဆို တပတ်တောင် ပြည့်ပြီ..
သူတကယ် ကျနော့်ကို လိုသုံးသ ဘောထားတာ လား???
သူ့ နဲ့မ တွေ့ရတဲ့ တပတ်အတွင်း ကျနော် သေမတတ်သတိရသလို သူကော ကျနော့်ကို စက္ကန့် ပိုင်းလောက်ဘဲဖြစ်ဖြစ်သတိရဲ့လား..
ခင် ဗျားကြီးရယ် ကျနော်အရမ်းသတိရတာဘဲ..
တကယ်စိတ်ဆိုးသွားတာဆို ကျနော် ခင် ဗျားကြီး စိတ်ကျေနပ်တဲ့အထိ တောင်းပန်ပါ့မယ် ကျနော့်ကို ဒီလိုတော့ မလျစ်လျူ လိုက်ပါနဲ့..

"Baekhyun..သားလေး မနက်စာစားရ အောင် လေ .. အောက် မှာ Omma ပြင် ထားတယ်.. Omma တို့ . အပြင် သွားစရာရှိတယ် .. သားကော လိုက်ခဲ့မလား "

တံခါးဖွင့်သံနဲ့အတူ စကားတွေဆက်တိုက် ပြောသွားတဲ့ Omma က ကျနော် ပြန်မ ဖြေရ သေးခင် ပင် တံခါးပိတ် ကာ ပြန်ထွက်သွားသည်.. Omma ကြည့်ရတာ တော်တော် အလျင် လို နေပုံ..
ဘာကိစ္စဘဲ မသိပေမဲ့ မ ကောင်းတဲ့ကိစ္စတော့ မဖြစ်ပါစေနဲ့..

"ရှင် ဘာတွေလျှောက်လုပ်ပစ်တာလဲ.. အခု အလကားနေရင်း ကျမတို့ အမှုပတ်တော့မှာ မဟုတ်ဘူးလား"

အောက်ထပ်ကို ဆင်းလာရင်း Omma တို့  အခန်းက စကားသံေ ကြာင့် အနားသွားကာ တံခါးဟ နေတဲ့ နေရာက နေ နားထောင် နေမိသည်..

"ဟာကွာ ဘာလို့  ငါတို့ အမှုပတ် ရမှာလဲ .. Park လင် မယားသေတာ ငါတို့ နဲ့မဆိုင် ဘူး.. ငါလဲ ဒီကိစ္စဘာမှ မသိဘူး .. Monstercompany ကို လက်တွဲလိုက်တာဘဲ ရှိတယ်..ဘာဘဲ ဖြစ်ဖြစ်သေသွားတော့အေးတာ ပေါ့ .. ငါ့သားကို အခိုင်းအ စေအဖြစ်လဲ ခေါ်စရာ အ ကြောင်း မရှိတော့ဘူး .. အခု သူတို့  သေ တယ်ဆိုတာ လဲ car accident နဲ့လေကွာ ငါတို့ က ဘာဆိုင် လို့ လဲ .."

"ဒါပေမဲ့လဲ.."

"ဒါပေမဲ့တွေ ဘာတွေလုပ်မ နေနဲ့ သေသွားတာဘဲ တပတ် ပြည့်လို့  ရက်လည် တွေတောင် လုပ် နေပြီ ပြင်ဘဆင် စရာ ရှိတာ မြန်မြန်ပြင် ဆင်.. Monster Company ဂုဏ်ပြုပွဲ သွားရမှာ နောက်ကျနေပြီ"

Appaရဲ့စကားတွေ.. ကျ နော့်အံ့သြလွန်းလို့  ပါးစပ်ကို လက်နဲ့ တင်းကြပ်စွာပိတ်ထားမိသည်..
ဒါဆို..သူမလာတာ ကျနော်ကို လာမ ခေါ်တာ သူ့ ဆီမှာ ဒီလိုကိစ္စ တွေဖြစ်နေခဲ့တာလား..
မသိခဲ့ဘူး..ကျနော်မသိ ခဲ့ဘူး..
အလိုအပ်ဆုံးအချိန်မှာ အားအင် မဖြစ်ပေးနိုင် လို့ တကယ် တောင်းပန်တယ်..
ခင် ဗျားကြီး အဆင် ပြေမှာပါနော်... အဆင် ပြေရမယ်နော်..
ရက်ပိုင်းအတွင်းဒီလောက်တောင်ဖြစ်ပျက်သွားမယ်လို့  မယုံတောင် မယုံဘူး..

အတ္တလွန်အချစ် (Completed)Waar verhalen tot leven komen. Ontdek het nu