**အတ္တလွန်အချစ်**
**9**အိမ်ရောက်တာနဲ့ .. ကျနော့် ကို ကားပေါ်ကာ အကြမ်းပတမ်း ဆွဲချကာ..ခြံထဲက ထိုင် ခုံပေါ်မှာ ခြေ ထောက် ချိတ် ကာ ထိုင် နေသည့် Omma အား ဒူးထောက် စေသည်..
"ဖြန်း"
ပါးပြင် တခုလုံး ထူပူသွားမှုနဲ့ အတူ Omma အား မယုံနိုင် စွာ မော့ကြည့်မိသည်..
"သိပ်တော်နေလား..Baekhyun..နင့် ကို ဟို ကောင် တခုခု လုပ် လိုက် ရင် ဘယ်လို လုပ် မလဲ ဟင် .. ပြောစမ်း..သိပ်တော်နေတယ်ပေါ့လေ.."
"Ommma..တကယ်ဘဲ .အန်တီနဲ့ ဦလေး ဆုံးတဲ့ ကိစ္စ မှာ Appaနဲ့ Omma ပတ်သတ်နေတာလား"
Omma .. အ မေးကို ပြန်မ ဖြေဘဲ ..ကျနော်သိချင် တဲ့ အ ဖြေကိုသာ မေးလိုက်တယ်..
"Baekhyun..ကို အခန်းထဲပို့ လိုက်"
Omma..ရဲ့ စကားအဆုံး လူနှစ် ယောက် က ကျနော့် အားဆွဲထူကာ ကာ အခန်းထဲပို့ ဖို့  ပြင် သည်..
"Omma..Omma.. ဘာမှ မ ပတ် သတ် ဖူးမော့လား ဟင် .. Omma Jaba..ဖြေ ပေးပါ Omma.."
ကျနော်ဘယ်လောက် ပင် အော်နေပါစေ .. Omma ကျနော့်ကို လှည့်မကြည့်ခဲ့..
နောက်ဆုံးတော့ အခန်းထဲမှာ ကျ နော်တ ယောက် တည်း...
ရှေ့က သော့ခတ်သွားပြီ ဖြစ်တဲ့ တံခါးကို ကျနော် အကြိမ်ကြိမ် ထုရိုက်နေမိသည်..
ကျနော်တွေးနေသလိုမဖြစ်ပါစေနဲ့လား
ဒါတွေသာ အမှန်ဖြစ်ခဲ့ရင်
သူနဲ့ကျနော် ဘယ်လိုမှမဖြစ်နိုင် တော့ဘူး..
သူခံနိုင် ရည် ရှိပေမဲ့ ကျနော်ခံနိုင် ရည် မရှိဘူး.. သူ ကျနော်နဲ့ အ ဝေးမှာ နေနိုင် ပေမဲ့ ကျနော်သူ့ ရဲ့အ ဝေးမှာမ နေနိုင် လို့ပါ..
ဘယ်လောက်ပင် ထုရိုက်နေပါစေ ..Ommaက တော့
ဖွင့်ပေးမည့်ပုံမ ပေါ်..
နွမ်းလျနေတဲ့ ခန္ဓာကိုယ်အား..ကြမ်းပြင်ပေါ်တွင် ထိုင် စေ လိုက်ကာ.. တံခါးကိုမှီလျက် ကျနော်တွေးတော နေမိ သည်..
ကျနော့်ကို မချစ်တော့တဲ့ သူ ကြောင့် ကျနော် ဒီလို အပင် ပန်းခံနေတာ မှန် ရဲ့လား..
အပြစ် ရှိပါက ကျနော်ကိုပင် သတ်နိုင် သည်ဟု မျက် တောင် တချက် မခတ်ဘဲ ပြောတဲ့သူ့ကို ကျနော် ဒီလောက် ပင် တွယ်တာခဲ့တာလား..
နေကြည့်ချင် တယ်..Park Chanyeol ... ခေါင်းထဲက မင်းကို ဖျောက် ဖျက် ရင်းပေါ့..
တွေးကြည့်ချင် တယ် ..Park Chanyeol
အ တွေးထဲ မင်းမပါတဲ့ စိတ်ကူးလေးတွေပေါ့..
ဒါပေမဲ့ ..ဒါပေမဲ့ လေ ငါ မ နေနိုင် ဘူး...
လိုအပ် ရင် ............ အရာရာကို ပေးဆပ်ဖို့  အဆင် သင့် ရှိနေတယ် ချစ်သူ..
KAMU SEDANG MEMBACA
အတ္တလွန်အချစ် (Completed)
Fiksi Penggemarအသုံးမကျတဲ့ ကိုယ့်အတ္တတွေကြောင့် ကိုယ် ကိုတိုင် ချစ်ရတဲ့ ကလေးကို နာကျင်စေခဲ့မိပြီ တောင်းပန်ပါတယ်ဆိုတဲ့စကားထက် ကိုယ့်မှာ ပြောစရာ စကားရှိမနေခဲ့ပါ ကလေးရယ်