Jungkook's point of view
အမှန်တော့ ကျွန်တော်ပျော်နေမိသည် ကျွန်တော် ရုံးစဆင်းရတော့မည်အဲဒါကြောင့် ၆ နာရီမထိုးခင်ကတည်းက ကျွန်တော်နိုးနေမိသည်။ နိုးနိုးချင်းကျွန်တော်နှလုံးသားနဲ့ အနီးကပ်ဆုံးမှာရှိတဲ့ လည်ပင်းက ဆွဲကြိုးလေးကို နိစ္စဓူဝပြောနေကျအတိုင်း တီးတိုးစွာပြောလိုက်မိသည်။
"ဒီနေ့လည်း အနားမှာနေပေးနော်"
ကျွန်တော်ပြင်ဆင်စရာရှိတာပြင်ဆင်ပြီးနောက်
ကျွန်တော်ဘူတာရုံသို့ခြေလှမ်းသွက်သွက်ဖြင့်
လှမ်းခဲ့မိသည်။ ကျွန်တော့်မိသားစုသည် လူလတ်တန်းစားမိသားစုဖြစ်ပြီး အဖေသည် ပရိဘောဂ
ကုမ္ပဏီ တည်ထောင်ထားပြီး အမေကတော့ အငြိမ်းစားကျောင်းဆရာမ ကျွန်တော်ကတော့
တစ်ဦးတည်းသောသား ကျွန်တော်တို့မိသားစု
အတွက် ဖူလုံသည်။ ဘာမှပူပင်စရာမလို။တစ်ခုသာ ကျွန်တော်အတွက် စိတ်ဆင်းရဲရ
သည်။ အကြောင်းရင်းကတော့ ကျွန်တော်သူတို့
ပြောစကားအတိုင်းနားမထောင်သောကြောင့်
ဖြစ်သည်။အဖေက ကျွန်တော့်ကို သူ့ကုမ္ပဏီထဲ
ဝင်ပြီး ဦးစီးဦးဆောင်လုပ်စေချင်သည်။အမေလဲ
ထိုနည်းအတိုင်းပဲ။ ဒီအလုပ်လဲရတော့"အဖေက ခွေးဖြစ်မယ့်ကောင် မင်းရဲ့စာတွေက ချမ်းသာအောင်မလုပ်ပေးနိုင်ဘူးကွ သိရဲ့လား" လို့ပြောသည်။
ကျွန်တော် အနည်းငယ်ဝမ်းနည်းမိသည်။ကျွန်တော်ဝါသာနာပါတဲ့အလုပ်ကို မိဘက
အားမပေးတဲ့အတွက်ကြောင့်ဖြစ်သည်။
မှန်ပါသည် ကျွန်တော် Entertainment တခု
မှာ ဇာတ်ညွှန်းရေးဆရာအဖြစ် အလုပ်ရတာပါ။
ကျွန်တော်ငယ်စဉ်ကပင် စာရေးစာဖတ်တာ
ဝါသာနာပါခဲ့သည်။သို့သော် အဖေက စာရေးစာဖတ်(အပြင်စာ)လုပ်တာက အပိုလို့ပဲထင်ပြီးကျွန်တော့်ကို ကျောင်းစာပဲဖိလုပ်စေခဲ့တယ်ဒါပေမဲ့ ကျွန်တော်ခိုးလုပ်ခဲ့တယ် Online စာပေပြိုင်ပွဲတွေမှာ ကျွန်တော်ဝင်ပြိုင်ခဲ့တယ် ဆုတွေလည်းရခဲ့တယ် နောက်ကျွန်တော်အဖေ လိုစေချင်တဲ့အတိုင်း စီးပွားစီမံနဲ့ဘွဲ့ရခဲ့တယ် ဒါပေမဲ့အဖေက မကျေနပ်သေးပါဘူး ကျွန်တော့်ကိုအတင်းအကြပ် နိုင်ငံခြားပို့ဖို့စီစဉ်တယ်
ကျွန်တော်လက်မခံခဲ့ပါဘူး ကျွန်တော်နဲ့အဖေ
ရဲ့ ရန်ပွဲကြောင့် အမေ့မှာနေ့တိုင်းဝမ်းနည်းရတယ် ဒါပေမဲ့ နောက်ဆုံးတော့ အဖေ
အလျှော့ပေးခဲ့ပါတယ် အပေးအယူတခုအနေနဲ့
ဒီတစ်လအတွင်း အလုပ်ရ မရရင်တော့ နိုင်ငံခြား
ပို့မယ်ဟု ပြောခဲ့ပါသည်။ ကျွန်တော်လဲ လက်ခံ
ခဲ့ပါသည်။တစ်နေ့ကျွန်တော် internet သုံးနေတုန်း Entertainment တစ်ခုက အလုပ်ခေါ်
စာကိုကျွန်တော်တွေ့ခဲ့တယ်။ အဲ့ဒါကြောင့်
ကျွန်တော်ရေးထားတဲ့စာမူတွေထဲက တစ်စောင်
ကိုပေးပို့ခဲ့တယ်။ ရလဒ်ကတော့ ကျွန်တော်
အဲဒီကုမ္ပဏီမှာ ချက်ချင်းအလုပ်ရခဲ့တာပါပဲ။ကျွန်တော့်မိဘတွေကို ပြောပြတော့အမေက
တော့ သဘောကျပေမဲ့ အဖေကတော့ ကျေနပ်ပုံ
မပေါ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်အဖေ့ စေတနာ
နားလည်ပါတယ်။အမေက ကျွန်တော့်ကိုကားတစ်စီးလက်ဆောင်ပေးပါတယ် အလုပ်ရတဲ့အနေနဲ့ပေါ့တဲ့ ကျွန်တော်လက်မခံခဲ့ပါဘူးကိုယ်ဒူးကိုယ်ချွန်ပြီး အောင်မြင်အောင်လုပ်မယ် ကျွန်တော်ဒီအထိရောက်လာအောင်ဇွဲမလျော့အောင် ကူညီပေးခဲ့တဲ့သူ့ကိုလည်းတစ်နေ့တွေ့ရမယ်ဆိုတဲ့ ရည်မှန်းချက်တွေထားပြီးရှေ့ဆက်ခဲ့တယ်။တွေးနေရင်းနဲ့ နားထဲမှ အသံရေးရေးလေးကြားလိုက်မိတယ်။
"ငါ့ Kookie လေးသာ ဇာတ်ညွှန်းရေးဆရာ
ဖြစ်ရင် ဘယ်လောက်တောင် ကောင်းလိုက်မ
လဲ"
![](https://img.wattpad.com/cover/140941680-288-k626812.jpg)
YOU ARE READING
တောင့်တတဲ့ အချစ်
Fanficပထမဆုံး fanfics လေးမို့လို့ အမှားပါခဲ့သည်ရှိသော် ခွင့်လွှတ်ပေးကြပါ TOP 💓 Yoongi Bottom 💓 Jungkook