မသိခြင်းသီအိုရီ

1.3K 133 5
                                    

ကျွန်တော်အတွေးများ Companyရောက်သည့်အထိတိုင်အောင် ရပ်တန့်မသွားပါ၊ ကျွန်တော်တွေးနေတုန်းတခိုက် Elevator အထဲမှ မိန်းကလေး တစ်ယောက်က ကျွန်တော့်ကို မေးလိုက်သည်

"မလိုက်ဘူးလား"ဟုစူစူအောင့်အောင့်ဖြင့်

ကြည့်ရတာ ဒီမိန်းကလေး ငါ့ကိုခေါ်နေတာ ကြာပြီထင်တယ် လို့တွေးလိုက်သည်။

"Sorryပါ ကျွန်တော်လိုက်ပါ့မယ်"
 
ထို့နောက်သူမထံမှ ဟွန့် ဆိုတဲ့ စကားတစ်ခွန်းထပ်ကြားလိုက်ရသည်။
 
ကျွန်တော်ဝင်ရမယ့် အထပ်ရောက်တော့ကျွန်တော်ဆင်းလိုက်သည်။ ထိုစဉ် ကျွန်တော့်ကိုမေးတဲ့ မိန်းကလေးကလည်း ကျွန်တော်နှင့်အတူ နောက်ကပါလာသည်။ ကျွန်တော်ထင်လိုက် ပါသည်။ သူလည်း ဒီကဝန်ထမ်းပဲပေါ့ ။ အခန်းထဲရောက်တော့ အဖွဲမှူးက ကျွန်တော်တို့ကို ဝန်ထမ်းတွေနဲ့ မိတ်ဆက််ပေးပါသည်။ ကျွန်တော်တို့ဟုဆိုရခြင်းမှာ  ခုနက Elevator မိန်းကလေးပါ ပါဝင်သောကြောင့် ဖြစ်သည်။
       
မိတ်ဆက်ပြီးနောက် အဖွဲ့မှူးက ကျွန်တော်တို့ထိုင်မယ့်နေရာကို လိုက်ပြသည်။ Elevator မိန်းကလေးနဲ့ ကျွန်တော်က ဘေးချင်းကပ်စားပွဲနေရာရသည်။ ကျွန်တော်သိရသလောက် သူ့ နာမည်က SeoYeon အဲဒါကြောင့် ကျွန်တော် လည်းမိတ်ဖြစ်ဆွေဖြစ် နှုတ်ဆက်လိုက်သည်။ ဒါပေမဲ့ ထိုမိန်းကလေး ကျွန်တော်ကို တင်းနေဆဲပင် ဖြစ်သောကြောင့် ကျွန်တော်ကိုဘာမှ ပြန်မပြော။ ကျွန်တော် ကိုယ့်ကိုယ်ကိုသာ တိုးတိုးလေး ပြောလိုက်မိသည်။

ငါလည်း ဘာအမှားမှလုပ်မိပဲနဲ့
         
အလုပ်တွေလုပ်ပြီး နေလည်စာ စားချိန် ရောက်တော့ အောက်ထပ်က ထမင်းစားခန်းသို့ ကျွန်တော်နဲ့ ရွယ်တူဇာတ်ညွှန်းရေးဆရာ
နှစ်ယောက် ဆင်းလာခဲ့တယ်။ သူတို့က Yugyeom နဲ့ Mingyu၊ အတော်ခင်ဖို့
ကောင်းတဲ့လူတွေပါ။

ကျွန်တော့်လို ဘာမှမသိသေးတဲ့လူအတွက်ကတော့ သူတို့က ဆရာတွေ ပါပဲ။ ကျွန်တော်တို့လည်း ထမင်းစားခန်းထဲ ရောက်တော့ ကျွန်တော့်ကို လူတစ်ယောက် တိုက်မိပြီး  ကျွန်တော်ကိုင်ထားတဲ့ နေလည်စာ ထမင်းဗန်းလည်းပြုတ်ကျသွားတယ်  Yugyeom ကတော့ကျွန်တော့်ကိုဆွဲထူ ပေးပါတယ် Mingyu ကတော့ ရ ရဲ့လား လို့မေးတယ် နောက်ပြီး Mingyu က

"လုပ်လိုက်ပြန်ပြီ လူ့ဂွစာကြီးကတော့"

ဟုလို့ပြောသည်။  သူတို့တွေဘေးနားမှ တတွတ်တွတ် ပြောနေသော်လည်း ကျွန်တော် မကြား။ ထိုရနံ့ ကျွန်တော်သိသည်။ မှတ်မိသည်။
ထိုကဲ့သို့ ကျွန်တော် အတွေးနယ်လွန်စဉ် Mingyu မှ ထမင်းဗန်း အသစ် ပြန်ယူလာပြီး

"လာခဲ့မင်းကိုငါ သူနဲ့မိတ်ဆက်ပေးမယ်"

လို့ပြောသည်။

ကျွန်တော်တို့ သူ့ရှေ့ရောက်တော့ ထိုင်ခုံမှာထိုင်ပြီး Mingyu က

"အစ်ကိုကတော့ အမြဲဒီအတိုင်းပဲ တိုက်မိလဲ
မတောင်းပန်ဘူး အိပ်ချင်နေရင်လေတစ်လောကလုံးရှိတယ်လို့တောင်မထင်တော့ဘူး ဒီမှာခုနကအစ်ကို တိုက်မိသွားတဲ့ဝန်ထမ်းအသစ် ဒီနေ့မှစရောက်တာ နာမည်ကJeon Jungkook တဲ့ ကျွန်တော်တို့လို့ပဲစာရေးဆရာ"

"ကဲ Jungkook ရေ ဒီဘက်ကတော့ Min Yoongi အစ်ကိုကနာမည်ကြီး Song Producer နော် အစ်ကိုက ဒီCompanyအတွက်မရှိမဖြစ် ဒီကထွက်သမျှကသူ့လက်ရာတွေကြီးပဲ ငါတို့ထက်ကြီးတယ်ဆိုတော့  မင်းလဲငါတို့လို့ပဲ အစ်ကိုလို့ပဲခေါ်ပေါ့ဟုတ်ဘူးလား"

ကျွန်တော်ကြားလိုက်ရသည်နာမည် Mingyu ကို
ပြောသည့်အသံ

"မင်းအတော်နားငြီးတဲ့ကောင်ပဲ"

ကျွန်တော်ဘာမှပြန်မပြောနိုင် နောက်ပြီး ကျွန်တော််ကြားရတဲ့ သူ့ဆီက စကားတစ်ခွန်း

"တွေ့ရတာဝမ်းသာပါတယ် အစ်ကိုကတော့
Min Yoongi ပါ ခုနကတိုက်မိခဲ့တဲ့အတွက်
တောင်းပန်ပါတယ် ဒီမှာအစ်ကို Business Card ဌာနချင်း မတူပေမဲ့ ကူညီနိုင်သလောက် ကူညီပေးနိုင်ပါတယ် လိုအပ်တာရှိရင်ပြော ဟုတ်ပြီလား"

ဟု ပြောပြီးကျွန်တော်ရဲ့ တုန်ယင်နေသော လက်ထဲသို့ သူ့ကဒ် လှမ်းပေးသည်။ မှန်ပါသည် သူမှသူအစစ် သူ့ရဲ့ကြင်နာသောအသံ ချိုမြိန်လှတဲ့ အဲဒီအပြုံး မသေမသပ်ဖြစ်နေပေမဲ့လည်း   အဲဒီနွေးထွေးတဲ့ အကြင်နာမျက်လုံး ကျွန်တော်...... ကျွန်တော် ဘယ်လိုလုပ်ပြီး မေ့နိုင်မှာလဲ

သူပေးသောကဒ်ကိုင်ပြီး ကြောင်နေမိသည်။ ကျွန်တော့်နှလုံးသားလည်း တိုးညှင်းစွာ ငိုကြွေး နေသည်မှာ ကျိန်းသေသလောက် ရှိနေပြီ ဆွဲကြိုးကို ကိုင်လျက် စိတ်ထဲမှသာ ပြောမိသည်

အစ်ကို ကျွန်တော်လေစ်ကို့ရဲ့Kookie လေး
လေ မှတ်မိတော့ဘူးလား
___________________________________________

A/N - အခုမှစရေးကြည့်တာဆိုတာ ဖတ်မဲ့သူလဲမရှိလောက်ဘူးဆိုတာ သိပါတယ် ဒါပေမဲ့ ဖတ်တဲ့သူဘယ်လောက်ရှိလဲ သိရအောင် Comment လေးချန် ထား ပေးစေချင်လို့ပါတယ် အမှားပါရင်ခွင့်လွှတ်ကြပါ

တောင့်တတဲ့ အချစ်Where stories live. Discover now