သူဖတ်​ဖို့...

1.6K 105 2
                                    

To Dear Parker....

ပြတ်​​တောက်​ရမဲ့ အဆက်​အသွယ်​ကို ​ရေတွက်​ကြည့်​ရင်
ခင်​ဗျားနဲ့ကျ​နော်​ရဲ့ သံ​ယောဇဉ်​ကို မှီနိုင်​ပါ့မလား.....

လွမ်း​ပေးပါလို့မ​တောင်းဆိုလဲ
ကျ​နော်​လွမ်းမယ်​..........

ကျ​နော့်​အလွမ်း​တွေရဲ့အဆုံးတိုင်​ ​မျှော်​လင့်​ချက်​က ခင်​ဗျားပါပဲ...။

ခင်​ဗျားဆီ​ကို နောက်​တစ်​ကြိမ်​ပြန်​မ​ရောက်​မခြင်း ကျ​နော်​လွမ်းနေမယ်​..။

ပြန်​​ရောက်​ခဲ့ရင်​လဲ ကျနော် လွမ်းချင်​လွမ်းမယ်​....
အဲ့ဒီလိုပဲ ကျ​နော့်​အလွမ်းဟာ အနားသတ်​မဲ့​နေတယ်​...။

သတိရ​ပေးပါလို့ မ​တောင်းဆိုလဲ
ကျ​နော်​သတိရမယ်​....။

စီးဆင်းနေတဲ့ ​ချောင်း​ရေ​တွေကို ကြည့်​ရင်း ပင်​လယ်​​ရေအဖြစ်​အမှတ်​ထားပြီး တိုင်​တည်​ဖူးတဲ့ ကတိစကား​လေးကို သတိရ​နေမယ်​....။

အာဟာရဖြစ်ရုံစားရမယ့် ထမင်းဝိုင်းကိုလဲ ခင်ဗျားနဲ့အတူ ကျနော်တို့ချစ်မိတ်ဆွေတွေနဲ့အတူစားခဲ့ဖူးတဲ့ ညစာ အဖြစ် စားကောင်းအောင် စားပါ့မယ်.....။

ခင်ဗျားတစ်ဖွဖွ မှာနေတဲ့ Enervon C ကိုလဲ ကျနော် ပုံမှန်သောက်ပါ့မယ်.....။

ကျေးငှက် ပိုးပုရစ် အော်သံလေးတွေကို ခင်ဗျား စကားသံတွေ အမှတ်ထားပြီး နားထောင်ရင်း ကျနော်အိပ်စက်မယ်.....။

ညအချိန် ကျနော် ပါးအပ်​ရမဲ့ ကြမ်းခင်းကို
ခင်​ဗျားရင်​ဘက်​လို့ အမှတ်​ထားပြီး သတိရ​နေမယ်​...။

ကျနော့် လက်နဲ့ ဆုပ်​ကိုင်​ရမဲ့အရာ​တွေဟာ.....
ခင်​ဗျားရဲ့လက်​အဖြစ်​နဲ့ရှိ​နေမယ်​...။

ခွဲခွာခြင်းကို ​နောက်​တစ်​ကြိမ်​ပြန်​ဆုံဆည်းမဲ့
လမ်းစလို့သတ်​မှတ်​ပြီး အတူဝတ်ခဲ့တဲ့ "Couple short pants နှစ်​ထည်​" ကို
ကျ​နော်​အ​ဖော်​ပြု​နေမယ်​....။
ကျနော်သတိရတိုင်း ကိုင်တွယ်ပွတ်သပ်နေပါ့မယ်.....။

ခေတ်မမီသေးတဲ့ တောအရပ်မှာ ဖုန်းအဆက်သွယ်မရပေမယ့် ခင်ဗျား မပူပါနဲ့ .....
အလုပ်နားချိန် ညညကျရင် ကြယ်ကလေးတွေမှတစ်ဆင့် ခင်ဗျားဆီ ကျနော် သတိရ လွမ်းဆွတ်နေကြောင်း စာပို့ပါ့မယ်.....။

သိပ်​သိပ်​ချစ်​ပါတယ်​လို့ စိတ်​ထဲမှာဖွဖွ​လေး​ရေရွတ်​ရင်း
ခင်​ဗျားရဲ့ တစ်​​နေ့တာကိစ္စအဝဝ အဆင်​​ပြေပါ​စေလို့
ကျ​နော်​ဆု​တောင်း​ မေတ္တာပို့​ပေးနေပါ့မယ်​....

ဒါ​ပေမဲ့ ကျ​နော်​မရှိရင်​...
ခင်​ဗျားလဲ​ နေသားတကျ မရှိပါ​စေနဲ့လို့​တော့
ကျ​နော့်​ရဲ့အတ္တကို အ​ရောင်​တင်​ပါရ​စေ....

#အ​ရောင်​မဲ့

သူဖတ်​ဖို့..(dear Parker)Donde viven las historias. Descúbrelo ahora