သို့........
သိပ်သိပ်ချစ်ရပါသော parker,,,,,ဇာတ်လမ်းတစ်ပုဒ်မှာပါဝင်ခဲ့တဲ့ သူတိုင်းကို
ဇာတ်ဆောင်အဖြစ် ကကြိုးဆင်ပေးနိုင်တဲ့
မင်းရဲ့ရိုးသားတဲ့ အဲ့ဒီလှည့်ကွက်လေးတွေကို
ကိုယ်ပထမဦးဆုံးချီးကျူးပါရစေ.......အသီးသီးကဇာတ်ဆောင်လို့ထင်ထားခဲ့ပေမဲ့...
လှည့်ကွက်ပေါင်းများစွာကို......
ကိုယ်မြင်နိုင်အောင် ချပြခဲ့တဲ့မင်းကြောင့်
ဒီဇာတ်လမ်းမှာ ကိုယ်ဟာအဓိကဇာတ်ဆောင်ဖြစ်တယ်......အရာရာတိုင်းမှာ ကိုယ့်အတွက်စဉ်းစားပေးတဲ့...
မင်းကို ကိုယ်သိပ်ကျေးဇူးတင်တယ်.....အချိုတွေနဲ့ နှစ်သိမ့်ပေးတတ်တဲ့
မင်းရဲ့လက်ချောင်းလေးတွေကို
ကိုယ်ရွှေချမယ်....ရွှေ့ကွက်တိုင်းက အသက်ပါပြီး
လှည့်ကွက်တိုင်းကလှပခဲ့တယ်....
ယတိပြတ်ဆိုတာထက်
ဆွေးဆွေးမြေ့မြေ့လေးကို...မင်းကအသုံးချတယ်....အစားထိုးခံဆိုတဲ့ တစ်ခြားသူအမြင်တွေကြား
ကိုယ်တို့နှစ်ယောက်သိပ်ချစ်တာကို.....
နှစ်ယောက်ထဲသိအောင် မင်းကသိုသိပ်ခဲ့တယ်.....တကယ်တော့ ကိုယ်ဟာဆုတံဆိပ်အပြင်
မင်းရဲ့ bonus လေးတွေပါရရှိခဲ့တယ်....Don't leave u alone နဲ့ Don't leave me aloneရဲ့
ခြားနားချက်က တော်တော်ကွာဝေးမှန်း
တစ်နေ့တစ်ခြား ကိုယ်သိလာတယ်......နာကျင်ခဲ့တဲ့နေ့ရက်တွေအဆုံး....
အပြုံးပန်းနဲ့အောင်နိုင်အောင်
ပြုလုပ်ပေးခဲ့တဲ့မင်းကို ကိုယ်သိပ်ကျေနပ်တယ်ကြာကြာမလိမ်တတ်ဘူးဆိုတဲ့ မင်းရဲ့ကတိကို
ကိုယ်တစ်လခွဲတိတိ စောင့်ယူခဲ့ရတယ်....
အဲ့ဒီအတွက် ကိုယ့်ပိုင်ဆိုင်မှုဟာတန်ဖိုးမြင့်တယ်.....ဒဏ်ရာမဲ့ဖြတ်တောက်မှုတွေအတွက်.....
မင်းကို ကိုယ်နောက်ဆုံးအနေနဲ့ထပ်ချီးကျူးမယ်.....
မင်းဟာတစ်ခြားသူတွေရဲ့စိတ်လိုအင်တွေအတိုင်း
ဖြည့်ဆည်းပေးနိုင်တယ်....ဒီလူဟာဘယ်သူလဲလို့မေးရင်.....
ကိုယ်သိပ်သိပ်ချစ်ရတဲ့ parker လို့ကိုယ်မာန်ဝင့်ကဖြေမယ်.....#အရောင်မဲ့
VOCÊ ESTÁ LENDO
သူဖတ်ဖို့..(dear Parker)
Romanceကျနော့်ချစ်သူအတွက် အတွေးအပိုင်းအစလေးများဖြစ်သည်။ ဝင်ရောက်ခံစားပေးကြပါ။😍