3K 169 5
                                    

သူဖတ်​ဖို့......(၁)

ဝေးကွာခြင်းမှာ အလျားအနံရှိ​ပေမဲ့......အဲ့ဒီအလျားအနံအတိုင်း...
ကျ​နော်​တို့ စိတ်​ခြင်းဆက်​သွယ်​ကြမယ်​.... parker

ကျ​နော်​ လိုအပ်​ချိန်​တိုင်း...ခင်​ဗျားမရှိ​ပေးနိုင်​​ပေမဲ့....
ကျ​နော်​က​တော့ခင်​ဗျားကို အမြဲတမ်းလိုအပ်​​နေဦးမှာပဲ....
ကျ​နော့်​လိုအပ်​ခြင်းမှာ အစားထိုးမှုမရှိ။

မ​တွေ့ရတဲ့ရက်​....
မဟုတ်​​သေးဘူး.....မ​တွေ့ရတဲ့ စက္ကန့်​တိုင်း
ကျ​နော်လွမ်း​နေပါတယ်​ဆို ခင်​ဗျားရယ်​​လေမလား....
ရယ်​ချင်​ရင်​ ရယ်​လိုက်​ပါ.....
ခင်​ဗျားရဲ့ အဲ့ဒီ​လှောင်​ပြုံး​လေးကို ကျ​နော်​​ရေ​ရေလည်​လည်​​ကြွေတယ်​....

ကျ​နော်​ အဲ့လို​ပြော​တော့ ခင်​ဗျားစိတ်​ဆိုးသွား​လေတာများလား....
ကြည့်​စမ်းပါဦး နှုတ်​ခမ်းကြီးဆူ​နေတာ.....
ဘာပဲဖြစ်​ဖြစ်​ ကျ​နော်​အဲ့ဒီနှုတ်​ခမ်း​လေးကိုချစ်​တယ်​ parker....
#သတိ
ဒီစာ​ကြောင်းဖတ်​ပြီး ခင်​ဗျားနှုတ်​ခမ်းကို မဆူမိပါ​စေနှင့်​....
ကျ​နော်​​ရေးထားတဲ့ စကားလုံး​တွေက ​ပြေးနမ်းမှာကိုကျ​နော်​သဝန်​တိုတယ်​....

မင်းကလဲကွာ သဝန်​တိုစရာမရှိ တဲ့....
အဟက်​ ခင်​ဗျားအဲ့ဒီလို​ပြောပြီး ​ခေါင်းကိုတဗြစ်​ဗြစ်​နဲ့ကုတ်​ဦးမှာလား....
ကျ​နော်​ စကားမဆုံး​သေးဘူး ခင်​ဗျားလက်​က ​ခေါင်းကိုရွယ်​​နေပြန်​ပါပြီ....
ဘယ်​လိုပဲဆိုဆို ခင်​ဗျားရဲ့အပြုအမူအ​သေးအဖွဲ​လေးကအစ
ကျ​နော်​အလွတ်​ရ​နေတတ်​တယ်​....

ပြီးရင်​ ခင်​ဗျားက #​တော်​​တော်​ ဆိုပြီးထပ်​​ပြောတတ်​​သေးတယ်​​နော်​...
အဲ့ဒီစကားနှစ်​လုံးက နားရည်​ဝ​ပေမဲ့....
ဘယ်​အခါပြန်​ကြားကြားကျ​နော်​သ​ဘောကျတယ်​....
ခင်​ဗျားပြန်​​ပြောတတ်​တဲ့အချိန်​တိုင်းကို​ပေါ့....

ကျ​နော်​ စလို့ဝရင်​ ခင်​ဗျားကို ချစ်​လားလို့​မေးမယ်​....
ခင်​ဗျား စိတ်​ဆိုးတဲ့အချိန်​ဆို အင်းလို့​ဖြေမယ်​....
စိတ်​ကြည်​​နေရင်​ ပိုချစ်​တယ်​လို့​ဖြေမယ်​....
တစ်​ခါတစ်​​လေကြ​တော့လဲ က​လေးဆန်​ဆန်​ မင်​ချိတယ်​ လို့​ဖြေတတ်​​သေးတယ်​.....
ခင်​ဗျားသိလား....အဲ့ဒီ မင်​ချိတယ်​ ဆိုတဲ့စကားကို ကျ​နော်​ခုချိန်​ထိနားမလည်​​သေးဘူး.....😅😅

ကျေးဇူးပြု၍ ဒီစာကိုဖတ်​​နေတဲ့အချိန်​ခင်​ဗျားရှက်​မ​နေပါနဲ့

#အ​ရောင်​မဲ့

သူဖတ်​ဖို့..(dear Parker)Tempat cerita menjadi hidup. Temukan sekarang