အဆန်းတကြယ်ကြီးမဟုတ်ပါဘူး...
လွမ်းဆွတ်ခြင်းအနုပညာဆိုတာ ရိုးရိုးလေးပါ...ကြည်နူးမှုသေးသေးကလေးတစ်ခုကို....
ကပ်သီးကပ်ဖဲ့ ဖြတ်ခနဲသတိရမိတဲ့အခါ....
ခင်ဗျားနဲ့ဘယ်လိုမှမသက်ဆိုင်တဲ့ သစ်ရွက်လေးကို
တကူးတကကြည့်ပြီး ကျုပ်ကပြုံးချင်ပြုံးမယ်...နာကျင်မှုတွေ ရေချိန်မြင့်လာရင်တော့
ခင်ဗျား အသိအမှတ်ပြုပေးခဲ့တဲ့....
လက်စွပ်ကလေးကို လွှင့်ပစ်ချင်လွှင့်ပစ်မယ်....သတိရစိတ်ကို အရက်နဲ့တွန်းလှန်မယ်....
I need you here သီချင်းကလေးညည်းမယ်...
အလွတ်ရနေတဲ့ ခင်ဗျားနံပတ်လေးကို
ခပ်မြန်မြန်လေးနှိပ်ပြီး ခပ်မြန်မြန်ပဲချမယ်....
အရိပ်တွေ့တိုင်း ခင်ဗျားလို့ထင်မယ်...
အိပ်မက်ထဲမှာ ခင်ဗျားကိုမြင်မယ်...တိုက်ဆိုင်မှုတွေကြုံလာတိုင်း....
ဘောပင်ကိုယူမယ်....
ရေးချင်တာရေးထားတဲ့ စာရွက်ကို
ကဗျာလို့ခေါင်းစဥ်တပ်မယ်....ကျွန်တော့်အလွမ်းက ဒီလိုလေးပဲ
ŞİMDİ OKUDUĞUN
သူဖတ်ဖို့..(dear Parker)
Romantizmကျနော့်ချစ်သူအတွက် အတွေးအပိုင်းအစလေးများဖြစ်သည်။ ဝင်ရောက်ခံစားပေးကြပါ။😍