Ep 1

428 29 0
                                    


*ကျနော် လူကြီးကို တကယ်
  နားမလည်နိုင်ဘူးဗျာ ........
ကျနော် အမြဲ နားလည်ပေးခဲ့တယ်.. 
ဒီတစ်ခါတော့ နားမလည်ပေးနိုင်တော့ဘူးထင်တယ်*

ဒီစကားတွေကို Byun Baekhyun ဆိုတဲ့
ကျနော် ပါးစပ်က ထုတ်ပြောခဲ့တာ မဟုတ်ပါဘူး..
ရင်ထဲကသာ ပေါက်ကွဲနေပေမယ့် အပြင်က
ကျနော့်မျက်နှာဟာ မပီပြင်တဲ့ အပြုံးတစ်ခုကို ချိတ်ဆွဲ
ထားတယ်လေ...

လူကြီး..

    ဒီနာမည်လေးက ကျနော် သူ့ကိုတွေ့တိုင်း
အမြဲလိုလို ကျနော့်ရင်ထဲက ခေါ်နေမိတဲ့
အမည်လေး..... ဟက်...  တစ်ခါမှ ပါးစပ်ကသာ သူကြားအောင် ထုတ်မခေါ်ဖူးတာ .. တစ်ခါတွေးမိတိုင်း ရင်ထဲကအကောင်က ထခုန်တယ် ... ပြီးတော့ အချက်ပြတယ်
တော်တော် ရင့်နေပြီတဲ့... ရယ်ချင်မိတယ်...
သောက်ရူးကောင် ဖြစ်တဲ့ကျနော်ကသာ ဖြစ်နေတာ..
သူက သိတောင်သိမှာ မဟုတ်ဘူး...  ဒါပေမယ့်
ကျနော်ရဲ့ မကောင်းတဲ့ သောက်ကျင့်ကိုက မဖြစ်နိုင်
တာတွေကိုပဲ စွဲလမ်းမိတာ.. ပြီးရင် တစ်ယောက်တည်း သေမလိုတွေ ခံစား...  ဟက်..
နောက်တစ်ခုက ကျနော်က သောက်ရမ်း ဟန်ဆောင်
ကောင်းတယ်ဗျ.. ကျနော် ရင်ထဲမှာ ဘာဖြစ်နေလဲဆို
တာ သူမပြောနဲ့ ကျနော့်မိဘတွေတောင် သိပ်မသိကြ
ဘူး...  ကျနော် ကိုယ်တိုင်ကလည်း မြင်အောင်မပြ
တာလည်း ပါတာပေါ့... ပြီးတော့ သူ ကျနော့်ကို
အထင်သေးမှာကို ကျနော် ဘယ်လိုကြောက်မှန်းမသိ
တာပါဗျာ.. အဲဒါကြောင့် သူ့ရှေ့ဆို မသိချင်ယောင်
ဆောင်နေတာ များတယ်ဗျ...

လူကြီး (သို့)  Park Chanyeol
  
     လူကြီးက ကျနော့်ထက် နှစ်နှစ်ကြီးတယ်ဗျ...
ကျနော် သူ့ကိုစတွေ့တာ uni မှာပေါ့... သူနဲ့
ကျနော် စတွေ့တာ မထူးဆန်းပါဘူး...သူက
ကျနော်တို့ major မှာ အရေးပါတဲ့လူတစ်ယောက်.
Major  မှာ ဘာလုပ်လုပ် သူမပါရင်မပြီးဘူး..
သူက ဖော်ရွေတယ်.. သူ့သူငယ်ချင်းတွေ သူ့ကို
ပေးထားတဲ့ nickname က Happy virus
တဲ့....  ဟက်..  ထူးဆန်းတာက အဲ့လူကြီးရဲ့
ကျနော်ရှေ့ရောက်ရင် အမြဲတည်သွားတဲ့ သူ့မျက်နှာပဲ... .ဘာလို့လဲ????
  ကျနော် လုံးဝနားမလည်ဘူး...
ဖြစ်နိုင်ရင် သူစိ့တ်ထဲကို ကျနော် ၀င်ကြည့်ချင်တယ်..
ကျနော် မုန်းတဲ့ သူ့အကျင့်က မိန်းမတွေနဲ့အရမ်းရော
တာပဲ... သူက ခင်လို့ဆိုပေမယ့် ဟိုမိန်းမတွေကို
ကျနော်က မယုံဘူးဗျ..  သူငယ်ချင်းသာဆိုတယ်ဗျာ
လက်ချိတ်ရတာနဲ့ ၊စလိုက်နောက်လိုက်နဲ့၊ ချွဲရတာနဲ့. ၊ ဟိုရိုက်ဒီရိုက်လည်း လုပ်နေသေးတယ်..  အဲ့လို အရိုက်ခံရလို့ ဟိုလူကြီးက ဒေါသထွက်မယ်ထင်သလား.. NO ပဲ...
ဖြဲနေတာပဲ သူ့အခွက်က.. မသိရင် ပန်းနဲ့ပေါက်နေ
တယ်ထင်နေလားမသိ... တော်ပြီ တော်ပြီ...
ဆက်ပြောရင် ကျနော် ဒေါသတေ အတောင့်လိုက်
ထွက်လာလိမ့်မယ်...

I Can't Help Loving U(မချစ်ဘဲမနေနိုင်ဘူး) Nơi câu chuyện tồn tại. Hãy khám phá bây giờ