Ep 2

227 23 0
                                    


ထိုနေ့လေးက ကျနော် သူတို့ club ကိုစ၀င်တဲ့နေ့.

သူတကယ်ကို ခန့်တယ်.. ၀တ်စားထားတာကလည်း
သန့်ပြန့်နေတာပဲ...အင်္ကျီအဖြူလေးကိုတံတောင်ဆစ်
ထိခေါက်ပြီး ၀တ်ထားတာ.. ကျနော် ခနခန သူ့ကို
ငေးမိတယ်.. သူကတော့ သူ့ရှေ့က Junior တွေကိုမေးခွန်းတွေမေးလိုက်၊ဘေးကမိန်းကလေးနှင့်
စကားပြောလိုက်နှင့် အလုပ်ရှုပ်နေလေရဲ့!!!.

" Byun Baekhyun ဟုတ်ပါတယ်နော် "

သူ့ဘေးမှာ ထိုင်ပြီး သူနဲ့စကားပြောနေတဲ့ အမတစ်ယောက်က ကျနော့်ကို မေးတယ်..

"Nae  ဟုတ်ပါတယ်!!! "

" လာလေ.. မောင်လေး အလှည့်ရောက်ပြီ "

" arr  Nae!!! "

ကျနော်သူ့ကိုငေးနေတာနဲ့ ကျနော့်အလှည့်တောင်မေ့
သွားတယ်.. ကျနော်လည်း ခုံမှာဝင်ထိုင်လိုက်တယ်..

" မောင်လေးကို.. မ တို့မေးခွန်းလေးနည်းနည်း မေးမယ်နော်.. "

" Nae "

" ဒီ club ကိုဝင်လာရတဲ့ ရည်ရွယ်ချက်လေး ပြောပြပေးပါ "
အယ်.. ကျနော် ဘယ်လိုဖြေရမလဲ.. ကျနော်က
သူနဲ့ နီးစပ်ချင်လို့လေ... 

" ဟို...  ကျနော် သဘောကျလို့ပါ "
ကျနော် သူ့ကိုကြညိ့ရင်းနဲ့ဖြေလိုက်တယ်.. ဟုတ်တယ်လေ..ကျနော် သူ့ကိုသဘောကျလို့
ဒီအဖွဲ့ထဲကို ၀င်တာပဲလေ...

" aww  ဒီclub ကို သဘောကျတာလား "

" arr... Nae...  "

" ပြီးတော့ မောင်လေး ဒီclub ထဲက သိတဲ့ senior တစ်ယောက်လောက်ရှိလား..  နာမည်ပဲ
ဖြစ်ဖြစ်ပေါ့..  "
Oh!!! ကျနော် လူကြီးလို့ ဖြေလိုက်သင့်လား..
သူ့ရှေ့မှာတော့ junior မိန်းကလေးတစ်ယောက်.
ဟိုမိန်းမက စကားပြောတဲ့အသံက ညောင်နာနာ၊
အီစီကလီ အသံနဲ့လုပ်ပြောနေတာ..ဟိုလူကြီးက
မကြားရလို့ ထပ်မေးနေရင်းနဲ့ တော်တော် ကြာနေပြီ..
ကျနော် တကယ်တင်းသွားပြီ.. ကျနော် မျက်မှောင်
တွေပါ အလိုလို ကြုတ်မိရင်း..

" မသိဘူး!!!!  တစ်ယောက်မှမသိဘူး!!!  "

ကျနော့်အသံက လိုတာထက် ပိုကျယ်သွားပုံပင်...
သူပါ လှည့်ကြည့်လာလေရဲ့...  အံ့ဩသလိုကြည့်
နေရင်းမှ.. မျက်မှောင်ကြုတ်လာသည်..

I Can't Help Loving U(မချစ်ဘဲမနေနိုင်ဘူး) Tempat cerita menjadi hidup. Temukan sekarang