Ep 3

201 25 0
                                    

ညနေစောင်းချိန်လေး.. ညနေစောင်းဆိုပေမယ့်..
ဆောင်းတွင်းဆိုတော့ ညတာရှည်တယ်လို့ဆိုရမလား
6 နာရီလောက်ကတည်းက မှောင်ရီစပြုနေပြီ..
ဒီနေ့ တစ်နေ့လုံးလည်း ကျောင်းပိတ်လို့ ကျနော် ပျင်းနေတယ်...
ဒီချိန်ဆို သူဘာများလုပ်နေမလဲ မသိဘူး..... ဟင့်
လွမ်းလိုက်တာ.. ကျနော့်မှာ အလွမ်းများစွာနဲ့
ခေါင်းအုံးပေါ်မှောက်ပြီး လူးလိမ့်နေမိတယ်... အခုမှ
စဉ်းစားမိတယ်.. သူ့ ig မှာ ပုံအသစ်တွေများတင်
ထားလားမသိ... ကျနော့် gallery မှာတော့ သူ့ပုံ
တွေပြညိ့လို့... သူ့ပုံတင်မကဘူး သူ့သူငယ်ချင်းပုံ
တွေနဲ့ သူ့ချစ်သူပုံတောင် အဆစ်ပါသေး... ကျနော့်
ရဲ့ သူများတွေနဲ့မတူတဲ့တစ်ချက်က သူ့ချစ်သူနဲ့
ပုံကိုပါ သိမ်းထားတတ်တာ... ဟက်.. ရူးနေပြီ
Byun baek တစ်ကောင်တော့... တော်ပါပြီ..
မုန့်လေးဘာလေး သွားဝယ်စားဦးမှ...အားရှိမှ
များများလွမ်းနိုင်မှာပေါ့...

" Omma ရေ ဒီနားမှာ မုန့်သွားဝယ်ဦးမယ်ဗျာ "

" အေး.. အေး.. မကြာစေနဲ့....မှောင်တော့မှာ.. "

ချစ်လှစွာသော Byun Ma Ma ရဲ့ခွင့်ပြုချက်ဖြင့်
ကျနော်လည်း အိမ်နားက mini store လေး
တစ်ခုကိုထွက်လာခဲ့တယ်...

" ဘာဝယ်ရမလဲ... အင်း... ညလယ်စာပါဝယ်လိုက်
မယ်.. ပဲနို့ရယ်.. Ice-cream ရယ်..အင်း.
အားဖြည့်အချိုရည်လေးလည်း ၀ယ်မှဖြစ်မယ်.. ဟင်း
ရေခဲချောင်းလေးလဲ စားချင်သား.. မဖြစ်ဘူး..
Byun Baek အစားလျော့မှဖြစ်မယ်.. အရမ်းဝ
လာရင် လူကြီးက ပြန်မကြိုက်ဘဲနေဦးမယ်...ခိခိ.. "

ကျနော် ကွကို တစ်ယောက်တည်း တွေးရင်းနဲ့ ရယ်
နေမိသည်... သူကဖြင့် ကို့ယ့်ကိုတောင် သိရဲ့လား
မသိဘဲနဲ့.. ဟိုက ငါ့ကို နာမည်တောင်မသိလောက်ဘူး... aigoo
ရူးလိုက်တာကွာ... ကျနော်လည်းတောင်တွေးမြောက်တွေးနဲ့မျက်စိရှေ့က
စားချင်တာတွေ ကောက်ထည့်လိုက်တယ်...

" တော်ပါပြီ ဒီလောက်ပဲယူတော့မယ်...Arjushi
ပိုက်ဆံရှင်းမယ်.. Arjushi... ဒီမှာ.. ဒီမှာ.. "

" အမ်.. အေး.. အေး.. ဘာ Arjushi လဲ...
ငါ့အသက်အဲ့လောက်မကြီးသေးဘူးကွ.. Hyung
ဆိုတော်သေး.. "

ကျနော်ပဲမှားတာပါ.. အိပ်ငိုက်နေတဲ့ ဆိုင်ပိုင်ရှင်ကို
နိုးလိုက်မိတာကို.. သူကဖြင့် လူကအသက်ကြီးနေပြီ
ပြန်ငယ်ချင်နေသေးတယ်. ကြောင်တောင်တောင်နဲ့..

I Can't Help Loving U(မချစ်ဘဲမနေနိုင်ဘူး) Donde viven las historias. Descúbrelo ahora