Ep 7

178 17 0
                                    

ကျနော်တို့ ကျောင်းတက်လာတာ စာမေးပွဲတောင်
နီးလာပြီ... ကျနော့်လူကြီးကိုလည်း သိပ်မတွေ့ဖြစ်ပါ
ဘူး.. ကျနော် အသင်းဝင်ထားတဲ့ club မှာလည်း
မတွေ့ရဘူး.. သူရှိမယ်ထင်လို့ ၀င်လိုက်မိတာ...
သူက တစ်ပတ်မှ တစ်ခါပဲလာတယ်.. ရင်းနှီးမှု!!!!
ကျနော် နဲ့ အကြည့်ချင်းဆုံတာထက် ပိုပြီး အဆင့်တက်မလာဘူးလို့ပြောရင် ယုံကြမလား...
သူ့ကို ကြည့်ရတာလည်း အလုပ်ရှုပ်နေပုံရတယ်...
ကျနော်တောင် သူ့ကိုတစ်ရက်မတွေ့ရရင်
နေသားကျသွားသလို ဖြစ်နေပြီလေ...
နောက်တစ်ချက်က သူ့ရည်းစားဆိုတဲ့ မိန်းမကြောင့်
လည်းပါတာပေါ့.. တစ်ချိန်လုံး သူ့အနားကတ်နေ
တော့ ကျနော်လည်း အမြင်ကတ်တာနဲ့ ကျနော်က
စရှောင်မိတယ်လေ..

ကျနော် မနက်ပိုင်းအတန်းချိန်တက်ဖို့  ကျောင်းကို
လာခဲ့တယ်...  အိပ်ရာထနောက်ကျတာနဲ့ ferry
မမှီလို့ bus စီးလာခဲ့ရတော့ အတန်းထဲဝင်တော့
Sam တောင်ဝင်နေပြီ..

ဒီနေ့ ထူးထူးဆန်းဆန်း ဟိုနှစ်ကောင်လုံးပျောက်နေပါ
လား.. ငါ့မခေါ်ပဲ ဘယ်တေသွားနေတာလဲမသိ..
Sam စာသင်နေတုန်းmessage ခိုးပို့တာကိုလည်း နှစ်ကောင်လုံး reply မပြန်ဘူး..
တွေ့မယ်.. ဒါငါ့ကို တမင်တကာ reply မပြန်တာ
...လာတော့မှ ထုပစ်ဦးမယ်...

Break time ရောက်တော့ Suho ကကျနော့်
ကိုလာခေါ်တယ်...

" baek မင်းသူငယ်ချင်းနှစ်ယောက်က ငါ့ကိုပြောခိုင်းထားတာ ငါမေ့နေလို့  ဟီး... "

" အမ်...  ဘာကိုတုန်း!!!"

" သူတို့ မနက်ပိုင်းအချိန်တွေ မတက်ဘူးတဲ့...
စာကြည့်တိုက်မှာ စာသွားလုပ်မို့တဲ့ ဖုန်းတွေ ပိတ်ထား
မယ်လို့ပြောတယ် မင်းလာရင်လိုက်ခဲ့ပါတဲ့ "

"ဘာ!!!!  ဟိုနှစ်ကောင်ကလေ!!!  အမယ်..
စာကြည့်တိုက်သွားမယ်လေး ဘာလေးနဲ့ ..ခ်ခ် ငါတော့ ဒီလ ထီထိုးရမယ်ထင်တယ်.. စာမေးပွဲနီးမှ
ဘယ်လိုတောင် ကြိုးစားနေကြတာတုန်း.. အေး..
အာ့ဆို ငါသွားလိုက်ဦးမယ်. မင်းရောလိုက်မလား. .."

"ငါမလိုက်တော့ဘူး.. EC meeting ရှိလို့ ပြေးလိုက်ဦးမယ်...."

" အေး.. အေး.. "

Suho မှာလည်း ကျနော်ပြောတာတောင် ဆုံးအောင်
နားထောင်မသွားနိုင်ရှာဘူး...
ကျနော်လည်း မုန့်ဝယ်ပြီး စာကြည့်တိုက်ကို ပြေးရပြန်
တာပေါ့...

I Can't Help Loving U(မချစ်ဘဲမနေနိုင်ဘူး) Nơi câu chuyện tồn tại. Hãy khám phá bây giờ