Ep 4

194 23 1
                                    

ကျနော် အခန်းထဲကိုရောက်တော့ နေရာမှာ မိန့်မိန့်ကြီးထိုင်နေတဲ့ အနှီသူငယ်ချင်းနှစ်ကောင်..
ကျနော် သူတို့ဆီသွားပြီး..

" ဟေ့ကောင်တွေ... ငါပို့ထားတာမတွေ့ဘူးလား "

" တွေ့တယ်လေ "

နှစ်ယောက်လုံးဆီမှထွက်လာသောအသံဖြစ်သည်..

" အမ်... တွေ့တာကို ဘာလို့လိုက်မလာတာလဲ?? "

" မင်းက မင်းအဖိုးကြီးနဲ့ သာယာနေတာကို.. မင်းတို့
သာယာနေတာကို မပျက်စေချင်လို့ ငါတို့အခန်းထဲ
မှာပြန်လာထိုင်နေတာ "

Kyungsoo ကထပြောတော့ Luhan ကပါ
ခေါင်းငြိမ့်ထောက်ခံလေသည်...

" မင်းတို့ကလဲကွာ.. လာတော့ ဘာဖြစ်လဲ.. သူနဲ့
ငါကစကားပြောရုံပြောတာပါကွ.. ဟီး..  "

" မင်းက စကားပြောရုံမပြောချင်လို့ ဘာလုပ်ချင်သေး
လို့လဲ "

မျက်လုံးပြူးမျက်ဆံပြူးနှင့် Luhan ကထမေးလေ
တော့ ကျနော့်မှာအသဲအသန် ပြန်ဖြေရှင်းရပြန်ရော..

" ဟာ.. ငလုကတော့.. လုပ်ပြီ.. ငါက အကောင်းပြောတာကို ကပ်ပြောပြန်ပြီ... OMG!!"

" ဘာလို့လဲ အလန့်တကြားနဲ့.. မင်းအဲ့လိုလုပ်ရင်
ငါလန့်တယ်နော် "

Kyungsoo ပြောရင်းလန့်သလို လုပ်ပြသည်..

" ဟာ.. သေရော.. မင်းတို့ကိုမြင်တော့ ငါမေ့သွားတာ.. သူကငါ့ကို Kim Suho ကိုပြော
ခိုင်းတာမပြောရသေးဘူး.. ခနစောင့်ဦး.. ငါသွားဦးမယ်.. "

ကျနော်ပြောရင်းနဲ့ နောက်ဆုံးတန်းတွင် မျက်မှန်အထူကြီးနှင့် စာအသည်းအသန်ရေးနေသော
Kim Suho ဆီချီတက်ရပြန်တာပေါ့...

" Yah... Kim Suho "

"Wae?? "

အမယ်.. အနှီကောင်က မော့တောင်မကြည့်ဘူးဗျ...
လူက အစကတည်းက သူ့ကိုလူကြီးက မေးလို့
အမြင်မကြည်ဖြစ်နေတာကို...

" yah!!... Kim Suho ရေ.. "

" Omma yah..!!! လန့်သွားတာပဲကွာ..
Byun Baekhyun ပါလား.. ဘာလို့အသေအော်နေတာတုန်း "

ကျနော်အော်လိုက်တာ နည်းနည်းကျယ်သွားပုံပဲ..
ရှေ့ဆုံးတန်းက Luhan နှင့် Kyungsoo အပါအ၀င် တစ်ခန်းလုံးက လှည့်ကြည့်လာတော့
ကျနော် ဖြီးပြလိုက်ရသည်..

I Can't Help Loving U(မချစ်ဘဲမနေနိုင်ဘူး) Donde viven las historias. Descúbrelo ahora