Part - 8

8.8K 1.3K 401
                                    

"ကျနော် ဘာသဘောမှမပါဘူး
စေတနာအပြည့်နဲ့ပဲ ပြောခဲ့တာပါ Yeol ရယ်..."

ခေါင်းကိုအသာငုံ့လျှိုးကာ ခပ်​တိုးတိုးရွတ်​ဆိုလာ​သောသူ့စကားသံ​နောက်​တွင်​...
သူစိတ်​မ​ကောင်းဖြစ်​သွားသည်​မှာ​ပေါ်​နေသလို...ကျ​နော်​လည်းစကားထွက်​တချို့မှားယွင်းခဲ့သည်။

သူအ​နေနဲ့လည်း​ကောင်း​စေချင်​လို့ ​ပြောတာ
နားလည်​​ပေမယ့်​...အဆင့်​မြင့်​ပညာ​ရေးဖြစ်​လာဖို့ ဆိုတာက Volunteer ​​ရွေးပြီး ခန့်​ရုံနဲ့မှအဆင်​မှမ​ပြေနိုင်​တာ...

graduate ဖြစ်ပြီးသွားတဲ့သူတွေ အထဲမှာမှ အရည်အချင်းပောင်မြောက်ထဲလူတွေကို လွှတ်ပေးခြင်းဟာဖြင့် ပိုပြီးထိရောက်နိုင်မယ်လို့ ကျနော်ယုံခဲ့တာ....
volunteer လုပ်မယ့်ထဲကဆို ကျနော်လိုချင်တဲ့ အရည်အချင်းမျိုး မရမှာစိုးရိမ်ခဲ့၍...

သူစေတနာနဲ့ ပြောတာကိုနားလည်ပေမယ့်လည်း
ကျနော် စကားလွန်သွားခဲ့တဲ့နောက် ညှိုးကျသွားသော မျက်နှာလေးကိုမြင်ရတော့လည်း စိတ်ရှုပ်လာမိပြန်သည်~

ခေါင်းကိုအတင်းငုံ့ထားပြီး
မျက်​နှာကိုပါတဖက်​လွှဲထား​သော သူ​လေး​ကြောင့်​...
လေပူတစ်​ချက်​ကိုခပ်​ပြင်းပြင်းမှုတ်​ထုတ်​လိုက်​ပြီး...

"Baek ah~~"

ပြောချင်တာတွေပြောဖို့အတွက် အရင်ဆုံး ကျနော့်ကို မော့ကြည့်လာအောင် ခေါ်ရဦးမည်~
ကျနော် သူ့ကို စကားပြောနေတုန်းဆို ကျနော့်မျက်လုံးကိုကြည့်နေမှ ကြိုက်တာ...

အရှေ့မှာထိုင်ပြီး ခေါင်းကို ကျိုးကျမတတ်ငုံ့ထားသော သူ့ကြောင့် ကျနော် ဘာလုပ်လို့ ဘာကိုင်ရမှန်းလဲမသိတော့~

"Baek...ဒီကိုကြည့်..."

သူ့ပုခုံးကိုလှမ်းကိုင်လိုက်ပြီး ဒုတိယအကြိမ် ထပ်ခေါ်လိုက်သော်လည်း လှည့်မကြည့်လာ...

ကျစ်...

"Baekhyun...ကိုယ့်ကိုကြည့်လို့ပြောနေတယ်လေ.."

ကျနော့်စကားကို မြေဝယ်မကျနားထောင်တတ်သူမို့
ကျနော်ပြောလိုက်တိုင်း အမြဲလိုက်လျောပေးတယ်ဆိုတာသိပေ့်လည်း တစ်ခါက နှစ်ခါ..နှစ်ခါက သုံးခါ ဆိုတော့ ရှုပ်နေတဲ့ စိတ်နဲ့ ပင်ပန်းမှုဒဏ်တွေပါ ပေါင်းပြီး လေသံ ပျော့ပျော့ထွက်မလာနိုင်ခဲ့တော့...

My Senator Tempat cerita menjadi hidup. Temukan sekarang